close

ဘာစီလိုနာအသင်း

close

March 11, 2023

ဘာစီလိုနာအသင်းနှင့်လာလီဂါကလပ်ဥက္ကဋ္ဌဟောင်း ၂ ဦး အမှုဖွင့်ခံရ

စပိန်အစိုးရရှေ့နေတွေဟာ ဘာစီလိုနာအသင်းနဲ့ လာလီဂါကလပ်ရဲ့ ဥက္ကဋ္ဌဟောင်း နှစ်ယောက်ကို ဘောလုံးပွဲရလဒ်တွေမှာ လွှမ်းမိုးနိုင်အောင် ဒိုင်လူကြီးဆိုင်ရာ အကြီးတန်း ဒိုင်တာဝန်ရှိသူတဦး ပိုင်ဆိုင်တဲ့ ကုမ္ပဏီအပေါ် ငွေပေးချေခဲ့တာတွေနဲ့ ပတ်သက်ပြီး အမှုဖွင့်တိုင်ကြားထားတယ်လို့ မတ် ၁၀ ရက်မှာ အစိုးရရှေ့နေရုံးက အတည်ပြုပါတယ်။ 

တရားသူကြီးက ဒီအမှုကို လက်ခံမလားဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ ၁၉၉၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဒိုင်လူကြီးများကော်မတီ ဒုတိယဥက္ကဋ္ဌ ဟိုဆေး မာရီယာ အန်ဒရီကတ်ဇ် နီဂရီယာ ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေအတွက် ၂၀၀၁ ခုနှစ်ကနေ ၂၀၀၈ ခုနှစ် ကြားကာလမှာ ဘာစီလိုနာအသင်းက အမေရိကန် ဒေါ်လာ ၇ ဒသမ ၈ သန်း ပေးချေခဲ့တယ်လို့ စွပ်စွဲထားတာပါ။ 

အစိုးရရှေ့နေတွေကတော့ ဒီလို လျှို့ဝှက်သဘောတူညီချက်တခုအောက်မှာ ငွေကြေးနဲ့ လဲလှယ်ခဲ့ခြင်းတွေမှာ နီဂရီယာဟာ ကလပ်အသင်း ကစားတဲ့ပွဲတွေမှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေအပြင်နဲ့ ပြိုင်ပွဲရလဒ်တွေမှာရော ဘာစီလိုနာအသင်းကို မျက်နှာသာပေးခဲ့ ကြောင်း အခိုင်အမာ ပြောလာပါတယ်။ 

ဘာစီလိုနာအသင်းကို မှတ်ချက်ပေးဖို့ တောင်းဆိုရာမှာ ချက်ချင်း တုံ့ပြန်မှုမရှိပါဘူး။ ပြီးခဲ့တဲ့လက ထုတ်ပြန်ချက်ထဲမှာတော့ ဘာစီလိုနာအသင်းဟာ "ပရော်ဖက်ရှင်နယ် ပွဲကြီးကြပ်မှုနဲ့ ပက်သက်တဲ့ နည်းစနစ်ဆိုင်ရာ အစီရင်ခံစာတွေကို ပံ့ပိုးပေးခဲ့တဲ့ ပြင်ပအတိုင်ပင်ခံတဦးကို ပုံမှန်အတိုင်း ငွေပေးချေခဲ့တဲ့ သဘောသာဖြစ်ပြီး ဒါဟာ "ပရော်ဖက်ရှင်နယ် ဘောလုံးအသင်းတွေကြားမှာ ကျင့်သုံးလေ့ရှိတဲ့ အလေ့ အထတစ်ခုသာ" ဖြစ်တယ်လို့ ပြန်လည်တုံ့ပြန်ထားပြီး ဘာအမှားမှ ကျူးလွန်ထားခြင်းမရှိဘူးလို့ ဒီကိစ္စအပေါ်  ငြင်းဆိုထားပါတယ်။ 

ဒီစွပ်စွဲချက်ထဲမှာ ဘာစီလိုနာအသင်း အပါအဝင် အသင်းဥက္ကဋ္ဌဟောင်းတွေ ဖြစ်တဲ့ ရိုဆဲလ်၊ ဘာတိုမူ တို့နဲ့အတူ နီဂရီယာ နဲ့ အခြားဘာစီလိုနာအသင်း တာဝန်ရှိသူ ၂ ဦးလည်း ပါဝင်ပြီး အားကစားလောကဆိုင်ရာ အကျင့်ပျက်ခြစားမှု၊ တရားမမျှတတဲ့ စီမံခန့်ခွဲမှုအပြင် အရောင်းအဝယ် ဆိုင်ရာစာရွက်စာတမ်းတွေမှာ လိမ်လည်ထားမှု စတာတွေအတွက် တရားရုံးမှာ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ 

ဘာစီလိုနာအသင်းအပေါ် စုံစမ်းစစ်ဆေးမှုဟာ အခွန်ကိစ္စ စစ်ဆေးရာမှ အစပြုခဲ့တာဖြစ်ပြီး နီဂရီယာကတော့ ဒီလိုငွေပေးချေခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ ရည်ရွယ်ချက်ဟာ အသင်းပွဲစဉ်တွေမှာ ဒိုင်လူကြီးတွေအနေနဲ့ ဘက်လိုက်မှုမရှိဖို့အတွက်သာ ဖြစ်တယ်လို့ စပိန်အခွန်အေဂျင်စီ ကို ပြောဆိုခဲ့ကြောင်း အယ်လ်ပိုက်စ် သတင်းစာမှာ ဖော်ပြထားပါတယ်။

53 seconds Ago

March 3, 2023

ရော်နယ်ဒင်ဟို၏သားကို ဘာစီလိုနာအသင်းက ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆို

ဘရာဇီးနဲ့ ဘာစီလိုနာဂန္ထဝင်တိုက်စစ်မှူး ရော်နယ်ဒင်ဟိုရဲ့သားဟာ ဘာစီလိုနာအသင်းမှာ ပထမဆုံး ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ် ယာအိုမန်ဒက်စ်လို့ခေါ်တဲ့ ရော်နယ်ဒင်ဟိုရဲ့ သားဟာ ခြေစွမ်းစမ်းသပ်မှုတွေမှာ အထင်ကြီးလောက်အောင်စွမ်းဆောင်နိုင်ခဲ့လို့ ဘာစီလိုနာက စာချုပ် ခေါ်ယူခဲ့တာပါ။

ယာအိုမန်ဒက်စ်ဟာ ဘာစီလိုနာယူ ၁၉ အသင်းနဲ့ ခြေစွမ်းစမ်းသပ်ရာမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် နွေရာသီအထိ စာချုပ်ချုပ်ဆိုခဲ့တာပါ။

စာချုပ်ကုန်ဆုံးချိန်မှာ အသင်းမှာဆက်ရှိမလားဆိုတာ သူ့ရဲ့ခြေစွမ်းက အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။

မန်ဒက်စ်ဟာ ဘယ်ခြေသန်တိုက်စစ်ကစားသမားဖြစ်ပြီး တိုက်စစ်နေရာစုံမှာ ကစားနိုင်တယ်လို့ သိရပါတယ်။

သူဟာ ဆယ်ကျော်သက်အရွယ်မှာကတည်းက ဘရာဇီးကလပ် ခရူဇီယာရိုအသင်းမှာ ကစားခဲ့ပြီး မနှစ်က စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် ဘာစီလိုနာဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

1 week Ago
Up