ရော်နယ်ဒင်ဟို၏သားကို ဘာစီလိုနာအသင်းက ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆို

ဘရာဇီးနဲ့ ဘာစီလိုနာဂန္ထဝင်တိုက်စစ်မှူး ရော်နယ်ဒင်ဟိုရဲ့သားဟာ ဘာစီလိုနာအသင်းမှာ ပထမဆုံး ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
အသက် ၁၈ နှစ်အရွယ် ယာအိုမန်ဒက်စ်လို့ခေါ်တဲ့ ရော်နယ်ဒင်ဟိုရဲ့ သားဟာ ခြေစွမ်းစမ်းသပ်မှုတွေမှာ အထင်ကြီးလောက်အောင်စွမ်းဆောင်နိုင်ခဲ့လို့ ဘာစီလိုနာက စာချုပ် ခေါ်ယူခဲ့တာပါ။
ယာအိုမန်ဒက်စ်ဟာ ဘာစီလိုနာယူ ၁၉ အသင်းနဲ့ ခြေစွမ်းစမ်းသပ်ရာမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် နွေရာသီအထိ စာချုပ်ချုပ်ဆိုခဲ့တာပါ။
စာချုပ်ကုန်ဆုံးချိန်မှာ အသင်းမှာဆက်ရှိမလားဆိုတာ သူ့ရဲ့ခြေစွမ်းက အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။
မန်ဒက်စ်ဟာ ဘယ်ခြေသန်တိုက်စစ်ကစားသမားဖြစ်ပြီး တိုက်စစ်နေရာစုံမှာ ကစားနိုင်တယ်လို့ သိရပါတယ်။
သူဟာ ဆယ်ကျော်သက်အရွယ်မှာကတည်းက ဘရာဇီးကလပ် ခရူဇီယာရိုအသင်းမှာ ကစားခဲ့ပြီး မနှစ်က စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် ဘာစီလိုနာဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။