close

ဘာရိန်း

close

May 24, 2022

အာရှခြေစစ်ပွဲမတိုင်ခင် ဟောင်ကောင်၊ ဘာရိန်းတို့နှင့် မြန်မာအသင်းခြေစမ်းပွဲကစားမည်

အာရှဖလားခြေစစ်ပွဲကစားဖို့ရှိတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ဟောင်ကောင်၊ ဘာရိန်း အသင်းတွေနဲ့ ခြေစမ်းပွဲ၂ပွဲကစားဖို့ရှိပါတယ်။ 

မြန်မာ့လက်ရွေးစင်အသင်းဟာ လက်ရှိအချိန်မှာ ကစားသမား ၂၇ ဦးနဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လေ့ကျင့်မှုတွေပြုလုပ်နေတာပါ။ 

အာရှခြေစစ်ပွဲ အကြိုပြင်ဆင်မှုအနေနဲ့ လာမယ့် မေ ၂၄ ရက်မှာ ဟောင်ကောင်အသင်းနဲ့ လေ့ကျင့်ရေးခြေစမ်းပွဲအနေနဲ့ ယှဉ်ပြိုင်ကစားသွားမှာပါ။ 

ဒါ့အပြင် မေလ ၂၇ ရက်နေ့ ဘန်ကောက်မြို့မှာ ဘာရိန်းအသင်းနဲ့ ဖီဖာအသိအမှတ်ပြု နိုင်ငံတကာ ခြေစမ်းပွဲ ကစားသွားမှာပါ။ 

မြန်မာအသင်းရဲ့ အာရှခြေစစ်ပွဲစဉ်တွေကို လာမယ့်ဇွန်လအတွင်း ကာဂျစ္စတန်နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ရမှာပါ။ အုပ်စုအဖွင့်ပွဲစဉ်အနေနဲ့ ဇွန်လ ၈ ရက်မှာ တာဂျစ်ကစ္စတန်၊ ဇွန်လ ၁၁ ရက်နေ့မှာ ကာဂျစ္စတန်၊ ဇွန် ၁၄ ရက်နေ့မှာ စင်ကာပူအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပါ။ 

အုပ်စုပွဲစဉ်တွေအပြီးမှာ အုပ်စုပထမနဲ့ ဒုတိယရတဲ့အသင်းတွေက ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံမှာကျင်းပမယ့် အာရှ ဖလား ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။ 

မြန်မာ့လက်ရွေးစင်အသင်းကို ဂျာမန်နည်းပြ အန်တွန်နီဟေးက တာဝန်ယူနေပြီး ပြီးခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲအသင်းက ကစားသမား ၁၃ ဦး အထိ ပါဝင်နေပါတယ်။ 

10 mins Ago

September 16, 2020

အစ္စရေးနှင့် ပုံမှန်သံတမန်ဆက်ဆံရေး သဘောတူစာချုပ် ယူအေအီးနှင့် ဘာရိန်း လက်မှတ်ရေးထိုး

အာရပ်နိုင်ငံတွေဖြစ်တဲ့ ယူအေအီးနဲ့ ဘာရိန်းတို့ဟာ အစ္စရေးနဲ့ သံတမန် ပုံမှန် ဆက်သွယ်တဲ့  သဘောတူညီချက်ကို စက်တင်ဘာ ၁၅ ရက်က အိမ်ဖြူတော်မှာ လက်မှတ်ရေးထိုးပါတယ်။  အမေရိကန်သမ္မတ ထရမ့်ကြီးမှူးတဲ့ ဒီအခမ်းအနားမှာ ယူအေအီး အိမ်ရှေ့မင်းသား ရှိတ်အဗ္ဗဒူလာဘင်ဇေယက်၊ ဘာရိန်းနိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာတီအယ်ဇာယန်နီနဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုတို့က ပုံမှန်သံတမန်ဆက်ဆံရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီသဘောတူညီချက်ဟာ အစ္စရေးနဲ့ အာရပ်နိုင်ငံတွေအကြား တတိယနဲ့  စတုတ္ထမြောက် ပုံမှန်သံတမန် ဆက်သွယ်တာလည်း ဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်က အစ္စရေးဟာ အီဂျစ်နဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ်၊ ၁၉၉၄ မှာတော့ ဂျော်ဒန်နဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ်တွေ ချုပ်ခဲ့ပါတယ်။ ပါလက်စတိုင်း ခေါင်းဆောင်ပိုင်းကတော့ အစ္စရေးနဲ့ သံတမန်ဆက်ဆံတဲ့ အာရပ်နိုင်ငံတွေရဲ့ လုပ်ရပ်ကို ပါလက်စတိုင်း အရေးအပေါ် သစ္စာဖောက်တယ်ဆိုပြီး ပြစ်တင်ရှုတ်ချခဲ့ပါတယ်။  အမေရိကန်က ကြားဝင် ညှိနှိုင်းပေးပြီး ဘာရိန်းနိုင်ငံနဲ့ အစ္စရေးနိုင်ငံကြား ဆက်ဆံရေး ပုံမှန် ပြန်လုပ်မယ့် သဘောတူညီချက်ကို ဆန့်ကျင်တဲ့အနေနဲ့ ဘာရိန်းနိုင်ငံ ဘာဘာမြို့မှာလည်း လူတွေ လမ်းပေါ်ထွက် ဆန္ဒပြနေကြပါတယ်။ မြို့တော် မနာမာရဲ့အနောက်ဘက် ဘာဘာမြို့က လမ်းတွေပေါ်မှာ ချီတက်ရင်း ဆန္ဒပြသူတွေက ‘အစ္စရေးတွေ ကျဆုံးပါစေ၊ အမေရိကန်တွေ ကျဆုံးပါစေ’ စတဲ့ ကြွေးကြော်သံတွေကိုလည်း ဟစ်ကြွေးခဲ့ကြပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်းကြား ဆယ်စုနှစ်ချီ အငြင်းပွားမှု အဖြေမထွက်တဲ့ကိစ္စကို ဖြေရှင်းရေးမှာ ဘာရိန်းဟာ အစ္စရေးနဲ့ သဘောတူညီချက်ယူတဲ့ နောက်ဆုံး အာရပ်နိုင်ငံ ဖြစ်လာပါတယ်။ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည် တီထွင်ထုတ်လုပ်မှုနဲ့ ဒေသတွင်း အီရန် သြဇာလွှမ်းမိုးမှု တိုးလာတာကို စိုးရိမ်တဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ အာရပ်နိုင်ငံတွေကြား အပြန်အလှန် သဘောတူညီချက်တွေကို ပါလက်စတိုင်းက ခါးခါးသီးသီး ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ အိမ်ဖြူတော်မှာ သဘောတူစာချုပ် လက်မှတ်ရေးထိုးတဲ့ တချိန်တည်းမှာပဲ ဂါဇာဒေသက ပါလက်စတိုင်း စစ်သွေးကြွတွေက အစ္စရေးနိုင်ငံထဲ ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့  အစ္စရေး စစ်တပ်က ထုတ်ပြန်ပါတယ်။  ဂါဇာဘက်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်နှစ်စင်းထဲက တစ်စင်းကို အစ္စရေး စစ်တပ် ဒုံးခွင်းဒုံးစနစ်က ကြားဖြတ်ဟန့်တားခဲ့တယ်လို့လည်း အစ္စရေးစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။  ဒုံးကျည်ကြောင့် အနည်းငယ် ထိခိုက်ခဲ့သူ နှစ်ဦးနဲ့ ထိတ်လန့်ခဲ့သူ  ၄ ဦးကိုလည်း အစ္စရေး ဆေးဘက်ဝန်ထမ်းတွေက ပြုစုပေးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။
2 years Ago
Up