close

အာရှခြေစစ်ပွဲမတိုင်ခင် ဟောင်ကောင်၊ ဘာရိန်းတို့နှင့် မြန်မာအသင်းခြေစမ်းပွဲကစားမည်

ဘန်ကောက်မြို့ Alpine Training Camp တွင်လေ့ကျင့်မှုပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင်အသင်း

အာရှဖလားခြေစစ်ပွဲကစားဖို့ရှိတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ဟောင်ကောင်၊ ဘာရိန်း အသင်းတွေနဲ့ ခြေစမ်းပွဲ၂ပွဲကစားဖို့ရှိပါတယ်။ 

မြန်မာ့လက်ရွေးစင်အသင်းဟာ လက်ရှိအချိန်မှာ ကစားသမား ၂၇ ဦးနဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လေ့ကျင့်မှုတွေပြုလုပ်နေတာပါ။ 

အာရှခြေစစ်ပွဲ အကြိုပြင်ဆင်မှုအနေနဲ့ လာမယ့် မေ ၂၄ ရက်မှာ ဟောင်ကောင်အသင်းနဲ့ လေ့ကျင့်ရေးခြေစမ်းပွဲအနေနဲ့ ယှဉ်ပြိုင်ကစားသွားမှာပါ။ 

ဒါ့အပြင် မေလ ၂၇ ရက်နေ့ ဘန်ကောက်မြို့မှာ ဘာရိန်းအသင်းနဲ့ ဖီဖာအသိအမှတ်ပြု နိုင်ငံတကာ ခြေစမ်းပွဲ ကစားသွားမှာပါ။ 

မြန်မာအသင်းရဲ့ အာရှခြေစစ်ပွဲစဉ်တွေကို လာမယ့်ဇွန်လအတွင်း ကာဂျစ္စတန်နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ရမှာပါ။ အုပ်စုအဖွင့်ပွဲစဉ်အနေနဲ့ ဇွန်လ ၈ ရက်မှာ တာဂျစ်ကစ္စတန်၊ ဇွန်လ ၁၁ ရက်နေ့မှာ ကာဂျစ္စတန်၊ ဇွန် ၁၄ ရက်နေ့မှာ စင်ကာပူအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပါ။ 

အုပ်စုပွဲစဉ်တွေအပြီးမှာ အုပ်စုပထမနဲ့ ဒုတိယရတဲ့အသင်းတွေက ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံမှာကျင်းပမယ့် အာရှ ဖလား ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။ 

မြန်မာ့လက်ရွေးစင်အသင်းကို ဂျာမန်နည်းပြ အန်တွန်နီဟေးက တာဝန်ယူနေပြီး ပြီးခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲအသင်းက ကစားသမား ၁၃ ဦး အထိ ပါဝင်နေပါတယ်။ 

//
Up