close

ဘိုင်ယန်ြမူးနစ်

close

June 9, 2022

မာနေးအတွက် ဘိုင်ယန်၏ ဒုတိယအကြိမ်ကမ်းလှမ်းချက်ကို လစ်ဗာပူး ပယ်ချပြန်

တိုက်စစ်မှူးမာနေးအတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဒုတိယအကြိမ်မြောက် ကမ်းလှမ်းချက်ကို လီဗာပူးအသင်းက ထပ်မံပယ်ချလိုက်ပါတယ်။

ဂျာမန်ထိပ်သီးကလပ်ဟာ စာချုပ်တနှစ်သာ ကျန်ရှိတော့တဲ့ ဆီနီဂေါတိုက်စစ်မှူး မာနေးကို ခေါ်ယူဖို့ ပေါင် ၂၅ သန်းနဲ့ ပထမအကြိမ် ကမ်းလှမ်းချက်ဟာလည်း ပယ်ချခံခဲ့ရတာပါ။

ဒုတိယအကြိမ် ကမ်းလှမ်းချက်အဖြစ် ပေါင်သန်း ၃၀ နဲ့ ဆွေးနွေးခဲ့ပေမဲ့ လီဗာပူးအသင်းက ထပ်မံပယ်ချခဲ့တာပါ။

ဘိုင်ယန်အသင်းဟာ မာနေးရဲ့စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ထပ်မံပေးချေမယ့် နည်းလမ်းတွေထဲမှာ ချန်ပီယံလိဂ်နဲ့ ဘလွန်းဒီအောဆုတွေ ရခဲ့မယ်ဆိုရင် အပိုဆုကြေး ထပ်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုလည်း ပါဝင်တယ်လို့ ဒေးလီးမေးလ်သတင်းက ဖော်ပြခဲ့ပါတယ်။

လီဗာပူးအသင်းဘက်ကတော့ မာနေးအတွက် ပေါင် ၄၂ သန်းခွဲ အလိုရှိနေပြီး ဘိုင်ယန်ရဲ့ ကမ်းလှမ်းချက်ကို ဈေးကိုင်ထားတာပါ။

မာနေးကိုယ်တိုင်ကတော့ မိခင်နိုင်ငံ ဆီနီဂေါပရိသတ် အများစုရဲ့ ဆန္ဒအရ လီဗာပူးကနေ ထွက်ခွာမယ်လို့ အတည်ပြုထားပါတယ်။

8 mins Ago

June 25, 2020

ဘိုင်ယန်ကွင်းလယ်လူ သီယာဂိုကို ခေါ်ယူရန် လီဗာပူး စိတ်ဝင်စားနေ

လီဗာပူးအသင်းရဲ့ စိတ်ဝင်စားမှုကြောင့် ဘိုင်ယန်မြူနစ်ကွင်းလယ်လူ သီယာဂိုအယ်လ်ကန်တာရာဟာ အသင်းရဲ့ စာချုပ်သစ်ချုပ်ဆိုမယ့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်တယ်လို့ ဂျာမနီကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။  အသက် ၂၉ နှစ်အရွယ် စပိန်ကွင်းလယ်ကစားသမားဟာ ဥရောပဘောလုံးလောကရဲ့ အရည်အသွေးမြင့် ကွင်းလယ်ကစာသမားတွေထဲက တဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။  သူဟာ လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်ကစားသမားအဖြစ် ၇ ကြိမ်မြောက် ဘောလုံးရာသီ ကို ဖြတ်သန်းခဲ့ပြီး အသင်းနဲ့အတူ ဘွန်ဒက်လီဂါဖလားခုနစ်လုံးကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။  ဘိုင်ယန်မြူးနစ်အသင်းက ကွင်းလယ်ကစားသမားကို စာချုပ်သက်တမ်းတိုးဖို့ မေလ ၄ ရက်နေ့ကတည်းက စတင်ဆွေးနွေးခဲ့တာပါ။ ကစားသမား နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၁ ခုနှစ်အတွင်း ကုန်ဆုံးမှာဖြစ်ပြီး ဆွေးနွေးပွဲတွေမှာ နှစ်ဦးနှစ်ဖက် သဘောတူညီမှုရရှိလုနီးပါး အခြေအနေကို ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။  ဒါပေမယ့် လီဗာပူးအသင်းရဲ့စိတ်ဝင်စားမှုကြောင့် ဘာစီလိုနာကစားသမားဟောင်း သီယာဂိုဟာ ဘိုင်ယန်နဲ့စာချုပ်သစ်ချုပ်ဆိုဖို့ကိစ္စကို ပြန်လည်စဉ်းစားနေပြီလို့ Sport Bild သတင်းမှာ ဖော်ပြပါတယ်။  နည်းပြ ယာဂန်ကလော့ပ်က လီဗာပူးအသင်းလူစာရင်းမှာ သီယာဂိုကို ထပ်မံပေါင်းထည့်ဖို့ စိတ်ဝင်စားနေပြီး ကစားသမားဘက်ကလည်း ဒီစိတ်ဝင်စားမှုဟာ စပိန် ဒါမှမဟုတ် အင်္ဂလန်မြေပေါ်က ဥရောပ အင်အားကြီး အသင်းတသင်းမှာ ထပ်မံကစားခွင့်ရရှိရေးအတွက် သူ့အတွက် နောက်ဆုံးအခွင့်အရေးအဖြစ် ရှုမြင်နေတယ်လို့ ဒီသတင်းမှာ ရေးသားထားပါတယ်။  ကလော့ပ်က သီယာဂိုကို နည်းစနစ်ပိုင်းဆိုင်ရာ အရည်အသွေးမြင့်မားတဲ့ ကစားသမားတစ်ဦးအဖြစ် ရှုမြင်နေပြီး ဘိုင်ယန်မြူးနစ်ဘက်ကလည်း လီဗာပူးအသင်းရဲ့ စိတ်ဝင်စားမှုအပေါ် ဆွေးနွေးမှုပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ ယူဆရပါတယ်။  ဘိုင်ယန်မြူးနစ်အသင်းနဲ့ အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီး ကလော့ပ်က သီယာဂိုကို ချီးကျူးစကားပြောဆိုခဲ့ပြီး သူဟာ deep-lying playmaker နေရာမှာ ထူးချွန်စွာကစားနိုင်တဲ့ ကမ္ဘာ့အဆင့်ကစားသမားလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။  ဒါပေမဲ့ လက်ရှိအခြေအနေအရ သီယာဂိုကိုခေါ်ယူဖို့ လီဗာပူးလ်အသင်းအတွက် အကြီးမားဆုံး အခက်အခဲဟာ ကစားသမားရဲ့ဈေးနှုန်းဖြစ်လာနိုင်ပါတယ်။  ကလော့က ပေါင်သန်း ၅၀၊ ၆၀ တန်ကစားသမားတွေကိုခေါ်ယူဖို့ သူ့အသင်းအတွက် ခက်ခဲကြောင်း အခုလအစောပိုင်းမှာပြောဆိုထားခဲ့ပြီး ဘဏ္ဍာရေးအခြေ အနေကြောင့် လိုက်ပစ်ဇ်တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူဖို့ လက်ရှောင်ခဲ့တာလို့ ယူဆရပါတယ်။
2 years Ago
Up