close

မာနေးအတွက် ဘိုင်ယန်၏ ဒုတိယအကြိမ်ကမ်းလှမ်းချက်ကို လစ်ဗာပူး ပယ်ချပြန်

တိုက်စစ်မှူးမာနေးအတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဒုတိယအကြိမ်မြောက် ကမ်းလှမ်းချက်ကို လီဗာပူးအသင်းက ထပ်မံပယ်ချလိုက်ပါတယ်။

ဂျာမန်ထိပ်သီးကလပ်ဟာ စာချုပ်တနှစ်သာ ကျန်ရှိတော့တဲ့ ဆီနီဂေါတိုက်စစ်မှူး မာနေးကို ခေါ်ယူဖို့ ပေါင် ၂၅ သန်းနဲ့ ပထမအကြိမ် ကမ်းလှမ်းချက်ဟာလည်း ပယ်ချခံခဲ့ရတာပါ။

ဒုတိယအကြိမ် ကမ်းလှမ်းချက်အဖြစ် ပေါင်သန်း ၃၀ နဲ့ ဆွေးနွေးခဲ့ပေမဲ့ လီဗာပူးအသင်းက ထပ်မံပယ်ချခဲ့တာပါ။

ဘိုင်ယန်အသင်းဟာ မာနေးရဲ့စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ထပ်မံပေးချေမယ့် နည်းလမ်းတွေထဲမှာ ချန်ပီယံလိဂ်နဲ့ ဘလွန်းဒီအောဆုတွေ ရခဲ့မယ်ဆိုရင် အပိုဆုကြေး ထပ်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုလည်း ပါဝင်တယ်လို့ ဒေးလီးမေးလ်သတင်းက ဖော်ပြခဲ့ပါတယ်။

လီဗာပူးအသင်းဘက်ကတော့ မာနေးအတွက် ပေါင် ၄၂ သန်းခွဲ အလိုရှိနေပြီး ဘိုင်ယန်ရဲ့ ကမ်းလှမ်းချက်ကို ဈေးကိုင်ထားတာပါ။

မာနေးကိုယ်တိုင်ကတော့ မိခင်နိုင်ငံ ဆီနီဂေါပရိသတ် အများစုရဲ့ ဆန္ဒအရ လီဗာပူးကနေ ထွက်ခွာမယ်လို့ အတည်ပြုထားပါတယ်။

//
Up