close

ဘီးလင်း PDF

close

December 18, 2021

ဘီးလင်း BGF တပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့က တိုက်ခိုက် သိမ်းယူ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကြသောင်းဆိပ်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် BGF - ၁၀၁၃ တပ်စခန်းကို ကရင်မျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက် သိမ်းယူခဲ့တယ်လို့ ကေအန်ယူ သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ဒီဗွီဘီကို အတည်ပြုပါတယ်။

အဲဒီ BGF တပ်စခန်းကို ဒီဇင်ဘာ ၁၇ ရက် မနက် ၅ နာရီအချိန်လောက်ကစပြီး ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ည ၉ နာရီခွဲအချိန်မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ BGF ဘက်က စခန်းမှူး အပါအဝင် ၄ ယောက်  ထိခိုက်ဒဏ်ရာ ရှိခဲ့ပြီး၊ KNLA ပူးပေါင်းတပ်ဖွဲ့က ၁ ယောက် ကျဆုံးကာ  ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

BGF စခန်းအား သိမ်းယူပြီးနောက် စခန်းအတွင်းရှိ ကျန်ရှိနေတဲ့ ပစ္စည်းတွေနဲ့ တဲအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ ကြသောင်းဆိပ်-BGFစခန်းကို ကူပစ်ပေးတဲ့ ကတိုင်ဒိ BGFစခန်းရဲ့ လက်နက်ကြီး ၁၂၀ မမ ကျေးရွာအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက်ကြောင့် လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

BGF စခန်းသိမ်းတိုက်ပွဲကြောင့် ဒေသခံပြည်သူတွေ ၆၀၀ ထက်မနည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

1 min Ago

October 7, 2021

မီတာခ ဆက်ကောက်ပါက ထိရောက်စွာ အရေးယူမည်ဟု ဘီးလင်း PDF သတိပေး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လျှပ်စစ်ရုံးတာဝန်ရှိသူတွေအနေနဲ့ မီတာခ ကောက်ခံနေတာ ရပ်တန့်ဖို့နဲ့  ဆက်လက်ဖိအားပေးလာရင် ထိရောက်စွာ အရေးယူသွားမယ်လို့ ဘီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က သတိပေးလိုက်ပါတယ်။

ပြည်သူတွေ ဆင်းရဲကျပ်တည်းနေမှုကို မျက်ကွယ်ပြုပြီး အာဏာရှင်အလိုကျ မီတာခတွေ ပေးဖို့ အတင်းအကျပ်တောင်းခံနေတာ၊ မီတာခမပေးရင် မီတာပုံးတွေ ပြန်သိမ်းမယ်လို့ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေဟာ ပြည်သူအပေါ် ဖိအားဖြစ်စေတယ်လို့ ဘီးလင်း PDF က ဆိုထားပါတယ်။

ဒါကြောင့် အမျိုးသားညီညွတ်ရေး အစိုးရ NUG က အိမ်သုံးမီတာတွေ ကင်းလွတ်ခွင့်ပေးထားမှုကို မျက်ကွယ်ပြုပြီး မီတာခတွေကို ဆက်လက်ခြိမ်းခြောက်ကောက်ခံနေမယ်ဆိုရင်  ထိရောက်သွာအရေးယူသွားမယ်လို့ ဘီးလင်း PDF က အောက်တိုဘာ ၆ ရက်နေ့မှာ ထုတ်ပြန်သတိပေးလိုက်တာပါ။

ဘီးလင်းမြို့နယ်အတွင်းမှာတော့ လျှပ်စစ်ရုံးက ၅ လစာ မီတာစာရွက်တွေ လိုက်လံ ဖြန့်ဝေနေသလို ကျေးရွာတွေဘက်မှာတော့ သက်ဆိုင်ရာ မီးလင်းရေး ကော်မတီတွေက တဆင့် မီတာခ ဆောင်ရွက်ဖို့ ဖိအားပေးနေတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်ကောင်စီက မြို့နယ် ၁၀ မြို့နယ်စလုံးမှာ မီတာခတွေ ဆောင်ကြဖို့ မီတာဘေ စာရွက်တွေ လိုက်လံ ဖြန့်ဝေနေသလို မီတာခ မပေးရင် မီးဖြတ်တာနဲ့ မီးတာပုံးပြန်သိမ်းယူမယ်လို့ ခြိမ်းခြောက်နေတာဖြစ်ပါတယ်။

2 months Ago
Up