close

ဘုရင်မကြီး အဲလိဇဘက်

close

September 9, 2022

ဗြိတိန်နန်းသက်အရှည်ဆုံး ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်၊ မင်းသားချားလ် ဘုရင်ဖြစ်လာ

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် (၂)၊  အသက် ၉၆ နှစ်ဟာ စက်တင်ဘာ ၈ ရက် မွန်းလွဲပိုင်းက   ဘယ်လ်မိုရယ်မှာ အေးအေးချမ်းချမ်းနဲ့  ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဘက်ကင်ဟမ်နန်းတော်က ကြေညာပါတယ်။

ဘုရင်မကြီး အဲလိဇဘက်ဟာ ၁၉၅၂ ခုနှစ်မှာ စတင် နန်းတက်ခဲ့ပြီး  ဗြိတိန်ထီးနန်းကို နှစ်ပေါင်း ၇၀ လောက်ကြာ နန်းသက်အရှည်ဆုံး စိုးစံခဲ့သူလည်းဖြစ်ပါတယ်။

ဘုရင်မကြီးရဲ့ ကျန်းမာရေး အခြေအနေဟာ ကြာသပတးနေ့မှာ စိုးရိမ်စရာဖြစ်တာကြောင့်  သူနေထိုင်ရာနေရာကို မိသားစုတွေ စုံရုံးရောက်ရှိနေကြတာပါ။ 

ဘုရင်မကြီးရဲ့ မြေးကြီး ဝီလျံလည်းရောက်ရှိနေပြီး မြေးငယ် ဟယ်ရီကတော့ လမ်းခရီးမှာ ရောက်ရှိနေပါတယ်။

ဘုရင်မကြီးကွယ်လွန်သွားတဲ့အတွက် သားအကြီးဆုံးဖြစ်တဲ့ ဝေလမင်းသားဟောင်း ချားလ်က  ဗြိတိန်ရဲ့ ဘုရင်သစ်ဖြစ်လာပြီး ဓနသဟာရ နိုင်ငံ ၁၄ နိုင်ငံရဲ့ အကြီးအကဲဖြစ်လာမှာပါ။ 

ဘုရင်သစ်ချားလ်နဲ့ သူ့ကြင်ရာတော်တို့ ဘယ်လ်မိုရယ်မှာပဲရှိနေပြီး မနက်ဖန် လန်ဒန်မြို့ကို ပြန်လာကြဖို့ရှိနေပါတယ်။

6 hours Ago

January 14, 2022

ဗြိတိန်မင်းသားအန်ဒရူး အဆောင်အယောင်များ ရုပ်သိမ်းခံရ

ဗြိတိန်မင်းသား အန်ဒရူးကို သူ့ရဲ့ စစ်ဘက်ဆိုင်ရာတာဝန်တွေနဲ့ တော်ဝင်အခွင့်အာဏာတွေ ကနေ ဇန်နဝါရီ ၁၃ ရက်မှာ ဖယ်ရှားလိုက်ပြီဖြစ်လို့ တော်ဝင်မင်းသားလို့ ဆက်ပြီး သတ်မှတ်စရာ မလိုတော့ဘူးလို့ ဗြိတိန်နိုင်ငံ ဘက်ကင်ဟမ်နန်းတော်က ပြောပါတယ်။

ဘုရင်မကြီး အဲလိဇဘက်ရဲ့ သားဖြစ်သူ အန်ဒရူးမင်းသားဟာ ကာမအလွဲသုံးစားလုပ်မှုနဲ့ စွပ်စွဲခံထားရလို့ အမေရိကန်နိုင်ငံမှာ တရားရင်ဆိုင်နေရတာပါ။

အသက် ၆၁ နှစ်အရွယ် ယော့ခ်မြို့စား အန်ဒရူးဟာ အမေရိကန်နိုင်ငံက လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်းနဲ့ ပတ်သက်ဆက်နွှယ်မှုကြောင့် အများပြည်သူဆိုင်ရာ တာဝန်တွေကနေ ၂၀၁၉ ခုနှစ်တည်းက ဖိအားပေး နှုတ်ထွက်ခိုင်းတာ ခံခဲ့ရပါတယ်။

တော်ဝင်မိသားစုရဲ့ ကြာသပတေးနေ့ ကြေညာချက်ကြောင့် အန်ဒရူးဟာ သူ့ရဲ့ တော်ဝင် အဆက်အသွယ်တွေကိုပါ ဆုံးရှုံးတော့မှာပါ။

ဗာဂျီးနီးယား ဂျူဖှရီ ဆိုတဲ့ အမျိုးသမီးက သူဆယ်ကျော် သက် အရွယ်မှာ မင်းသား အန်ဒရူးက သူ့ကို လိင်ပိုင်းအလွဲသုံးစား လုပ်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ အရပ်ဖက် တရားစွဲမှုကို ပယ်ချဖို့ အန်ဒရူးရဲ့ ရှေ့နေတွေက အမေရိကန် တရားသူကြီးကို ဆွဲဆောင်ဖို့ ပျက်ကွက်ခဲ့ ပါတယ်။

အန်ဒရူးကတော့ ဂျူဖရီရဲ့ စွဲချက်ကို ငြင်းပါတယ်။

တကယ်လို့ မပြေလည်ခဲ့ရင် ၂၀၂၂ စက်တင်ဘာနဲ့ ဒီဇင်ဘာကြားမှာ စမယ့် တရားစီရင်ရေးအတွင်း အန်ဒရူးက သက်သေတွေကို ပေးဖို့ တရားသူကြီး ဆုံးဖြတ်ချက်က ဖိအားပေးနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

8 months Ago
Up