close

ဘောလုံးသမား

close

October 8, 2022

ကမ္ဘာ့ဝင်ငွေအကောင်းဆုံးဘောလုံးသမားစာရင်းတွင် အမ်ဘာပေ နံပါတ် ၁ ချိတ်

Forbes မဂ္ဂဇင်းကထုတ်ပြန်တဲ့ ၂၀၂၂ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံးဘောလုံးသမားစာရင်းမှာ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေက နံပါတ်တစ်ချိတ်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ်နောက်ပိုင်း ရော်နယ်ဒိုနဲ့ မက်ဆီတို့က ဝင်ငွေအကောင်းဆုံးကစားသမားအဖြစ် တစ်လှည့်စီရပ်တည်ခဲ့ပြီး အခုနှစ်မှသာ အမ်ဘာပေက ဝင်ငွေအကောင်းဆုံးဖြစ်လာခဲ့တာပါ။

ပြင်သစ်တိုက်စစ်မှူးဟာ အခုနှစ်ရာသီအစပိုင်းက ပီအက်စ်ဂျီနဲ့ သုံးနှစ်စာချုပ်သစ်ချုပ်ဆိုခဲ့တာ ကြောင့် လုပ်ခပိုမိုရရှိခဲ့သလို တခြားဘောလုံးပြင်ပကဝင်ငွေတွေကြောင့်လည်း နံပါတ်တစ်နေရာ မှာရပ်တည်စေခဲ့တာပါ။

အမ်ဘာပေဟာ  Zebra Vally ဆိုတဲ့ Production ကုမ္ပဏီတစ်ခုကိုလည်း မနှစ်တုန်းက တည်ထောင်ခဲ့ပါတယ်။

အမ်ဘာပေဟာ ၂၀၂၂ ခုနှစ်အတွင်း ဝင်ငွေ ပေါင် ၁၁၅ သန်းနဲ့ နံပါတ်တစ်နေရာမှာရပ်တည်ခဲ့ပြီး လီယွန်နယ်မက်ဆီက ပေါင် ၁၀၈ သန်းနဲ့ ဒုတိယ၊ စီရော်နယ်ဒိုက ပေါင်သန်း ၉ဝ နဲ့ တတိယနေရာမှာရပ်တည်ပါတယ်။

စတုတ္ထနေရာမှာ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာက ပေါင် ၇၈ ဒသမ ၃သန်းနဲ့ ရပ်တည်ခဲ့ပြီး  လစ်ဗာပူးတိုက်စစ်ကစားသမား ဆာလာက ပေါင်၄၇ ဒသမ ၇ သန်းနဲ့ ပဥ္စမ နေရာမှာရပ်တည်ခဲ့ပါတယ်။

အဲဒီနောက် မန်စီးတီးတိုက်စစ်မှူးဟာလန်း၊ ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီး၊ ရီးရဲလ်မက်ဒရစ်တောင်ပံတိုက်စစ်မှူး အေဒင်ဟာဇက်၊ ဗစ်ဆယ်ကိုဘေးက အင်နီယေစတာ၊ မန်စီးတီးက ဒီဘရိုင်းတို့က ထိပ်ဆုံး ၁ဝ ဦးစာရင်းမှာ အစဉ်လိုက်ရပ်တည်ခဲ့ပါတယ်။

9 mins Ago

July 14, 2022

အဓမ္မပြုကျင့်မှုသံသယဖြင့် စစ်ဆေးခံရသည့် ဘောလုံးကစားသမား ၁ ဦးကို မိခင်ကလပ်က ပွဲပယ်ခြင်းမပြု

အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်မှု သံသယနဲ့ စစ်ဆေးခံနေရတဲ့ ပရီးမီးယားလိဂ် ဘောလုံးသမား တယောက်ကို  သူ့ရဲ့ ကလပ်အသင်းက ပွဲပယ်တာ လုပ်ဆောင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

အသက် ၂၀ ကနေ ၂၉ နှစ်အတွင်းရှိ မြောက်လန်ဒန်အခြေစိုက် ကလပ်အသင်းတသင်းရဲ့ ကစားသမားတယောက်ဟာ ပြီးခဲ့တဲ့လပိုင်းက အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံရပြီး ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးတာကို ခံနေရပါတယ်။

အဆိုပါ ဘောလုံးသမားဟာ တခြားအမျိုးသမီးတယောက်ကိုလည်း အဓမ္မပြုကျင့်မှု နှစ်ကြိမ်ကျူးလွန်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ကြေညာထားပါတယ်။

လက်ရှိအချိန်မှာတော့ အဓမ္မပြုကျင့်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ကစားသမားကိုယ်တိုင်က ငြင်းဆန်ထားပြီး မိခင်ကလပ်ဘက်ကလည်း ပွဲပယ်ပြစ်ဒဏ် ချမှတ်မှာမဟုတ်ဘဲ အသင်းနဲ့အတူ လေ့ကျင့်ခန်း ဆက်ဆင်းစေမယ်လို့ သိရပါတယ်။

အဲဒီကစားသမားနဲ့ ကလပ်အသင်းရဲ့အမည်ကို ဥပဒေအကြောင်းပြချက်တွေအရ ချန်လှပ်ထားပြီး မြောက်လန်ဒန်ကလပ်တသင်းကလို့ပဲ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတာပါ။

ဘယ်ကစားသမားလဲဆိုတာ မသိရသေးပေမဲ့ မြောက်လန်ဒန်အခြေစိုက်အသင်းလို့ ဆိုတာကြောင့် အာဆင်နယ်နဲ့ စပါးအသင်းက ကစားသမားတ‌ယောက် ဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေ ရှိပါတယ်။

ဗြိတိန်သတင်းမီဒီယာတွေဘက်ကလည်း အဆိုပါကစားသမားကို သိပေမဲ့ အမည်ကို ထည့်သွင်းဖော်ပြတာမျိုး မရှိသေးပါဘူး။

3 months Ago
Up