close

အဓမ္မပြုကျင့်မှုသံသယဖြင့် စစ်ဆေးခံရသည့် ဘောလုံးကစားသမား ၁ ဦးကို မိခင်ကလပ်က ပွဲပယ်ခြင်းမပြု

အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်မှု သံသယနဲ့ စစ်ဆေးခံနေရတဲ့ ပရီးမီးယားလိဂ် ဘောလုံးသမား တယောက်ကို  သူ့ရဲ့ ကလပ်အသင်းက ပွဲပယ်တာ လုပ်ဆောင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

အသက် ၂၀ ကနေ ၂၉ နှစ်အတွင်းရှိ မြောက်လန်ဒန်အခြေစိုက် ကလပ်အသင်းတသင်းရဲ့ ကစားသမားတယောက်ဟာ ပြီးခဲ့တဲ့လပိုင်းက အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံရပြီး ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးတာကို ခံနေရပါတယ်။

အဆိုပါ ဘောလုံးသမားဟာ တခြားအမျိုးသမီးတယောက်ကိုလည်း အဓမ္မပြုကျင့်မှု နှစ်ကြိမ်ကျူးလွန်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ကြေညာထားပါတယ်။

လက်ရှိအချိန်မှာတော့ အဓမ္မပြုကျင့်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ကစားသမားကိုယ်တိုင်က ငြင်းဆန်ထားပြီး မိခင်ကလပ်ဘက်ကလည်း ပွဲပယ်ပြစ်ဒဏ် ချမှတ်မှာမဟုတ်ဘဲ အသင်းနဲ့အတူ လေ့ကျင့်ခန်း ဆက်ဆင်းစေမယ်လို့ သိရပါတယ်။

အဲဒီကစားသမားနဲ့ ကလပ်အသင်းရဲ့အမည်ကို ဥပဒေအကြောင်းပြချက်တွေအရ ချန်လှပ်ထားပြီး မြောက်လန်ဒန်ကလပ်တသင်းကလို့ပဲ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတာပါ။

ဘယ်ကစားသမားလဲဆိုတာ မသိရသေးပေမဲ့ မြောက်လန်ဒန်အခြေစိုက်အသင်းလို့ ဆိုတာကြောင့် အာဆင်နယ်နဲ့ စပါးအသင်းက ကစားသမားတ‌ယောက် ဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေ ရှိပါတယ်။

ဗြိတိန်သတင်းမီဒီယာတွေဘက်ကလည်း အဆိုပါကစားသမားကို သိပေမဲ့ အမည်ကို ထည့်သွင်းဖော်ပြတာမျိုး မရှိသေးပါဘူး။

//
Up