close

ဘောလုံးအဖွဲ့ချုပ်

close

July 15, 2022

ငွေကြေးခဝါချမှု စွပ်စွဲချက်ဖြင့် အယ်လ်ဆာဗေးဒိုးဘောလုံးအဖွဲ့ချုပ်ရုံးကို ရဲတပ်ဖွဲ့စီးနင်း

အယ်လ်ဆာဗေးဒိုးနိုင်ငံမှာ အမျိုးသားအားကစားသိပ္ပံကနေ ငွေကြေးခဝါချမှု စွပ်စွဲချက်နဲ့ ပတ်သက်လို့ အကြံပြုသတင်းပေးပြီးနောက်မှာ ဆန်ဆာလ်ဗေဒိုမြို့ရှိ အယ်လ်ဆာဗေးဒိုးဘောလုံးအဖွဲ့ချုပ်ရဲ့ ရုံးချုပ်ကို ရဲတပ်ဖွဲ့က ဇူလိုင် ၁၄ ရက်က ဝင်ရောက်စီးနင်းခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ကတည်းက ဘောလုံးအဖွဲ့ချုပ်အတွင်း လိမ်လည်အုပ်ချုပ်မှုနဲ့ ငွေကြေးခဝါချမှု ဖြစ်နိုင်ခြေကို ရှာဖွေနေကြောင်း အယ်လ်ဆာဗေးဒိုးရဲ့ ရှေ့နေချုပ်ရုံးက ပြောကြားခဲ့ပါတယ်။

ရှေ့နေချုပ်ရုံးရဲ့အဆိုအရ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဟူဂိုကာရီလိုရဲ့ နေအိမ်ကိုလည်း ရဲတွေက ဝင်ရောက်စီးနင်းခဲ့ပါတယ်။

အယ်လ်ဆာဗေးဒိုးသမ္မတ နာယစ်ဘ်ဘူကီလီရဲ့ အဖေတူအမေကွဲအစ်ကို ယာမေးလ် ဘူကီလီဟာ နိုင်ငံတဝန်း အားကစားအသင်းတွေအပေါ် စီရင်ပိုင်ခွင့်ရှိတဲ့ အမျိုးသားအားကစားအင်စတီကျုရဲ့ အကြီးအကဲဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလက အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌဟောင်း ရေနလ်ဒို ဗားစ်ကွက်ဇ်ကို ကြေးနန်းလိမ်လည်မှု၊ ငွေကြေးခဝါချမှု စွဲချက်တွေနဲ့ အမေရိကန်ကို လွှဲအပ်ခဲ့ပါတယ်။

8 mins Ago

April 9, 2020

ဘောလုံးအဖွဲ့ချုပ်အဆောင်တွင် Quarantine စောင့်ကြည့်ခံထားရသူ  ၈၀ ဦး နေရပ်ပြန် 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF အမျိုးသား ဘောလုံးအကယ်ဒမီနှင့် လက်ရွေးစင် အသင်းအဆောင် (၁)မှာ   Quarantine စောင့်ကြပ်ကြည့်ရှုခံနေရသူ အယောက် ၈၀ ဟာ ဒီကနေ့မနက် သတ်မှတ်ကာလ ၁၄ ရက်ပြည့်သွားပြီဖြစ်လို့  သက်ဆိုင်ရာက certificate အထောက်အထား လက်မှတ်ပေးအပ်ကာ နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။ Photo- Kyaw Swar Tun / MPA
2 years Ago
Up