close

ငွေကြေးခဝါချမှု စွပ်စွဲချက်ဖြင့် အယ်လ်ဆာဗေးဒိုးဘောလုံးအဖွဲ့ချုပ်ရုံးကို ရဲတပ်ဖွဲ့စီးနင်း

အယ်လ်ဆာဗေးဒိုးနိုင်ငံမှာ အမျိုးသားအားကစားသိပ္ပံကနေ ငွေကြေးခဝါချမှု စွပ်စွဲချက်နဲ့ ပတ်သက်လို့ အကြံပြုသတင်းပေးပြီးနောက်မှာ ဆန်ဆာလ်ဗေဒိုမြို့ရှိ အယ်လ်ဆာဗေးဒိုးဘောလုံးအဖွဲ့ချုပ်ရဲ့ ရုံးချုပ်ကို ရဲတပ်ဖွဲ့က ဇူလိုင် ၁၄ ရက်က ဝင်ရောက်စီးနင်းခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ကတည်းက ဘောလုံးအဖွဲ့ချုပ်အတွင်း လိမ်လည်အုပ်ချုပ်မှုနဲ့ ငွေကြေးခဝါချမှု ဖြစ်နိုင်ခြေကို ရှာဖွေနေကြောင်း အယ်လ်ဆာဗေးဒိုးရဲ့ ရှေ့နေချုပ်ရုံးက ပြောကြားခဲ့ပါတယ်။

ရှေ့နေချုပ်ရုံးရဲ့အဆိုအရ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဟူဂိုကာရီလိုရဲ့ နေအိမ်ကိုလည်း ရဲတွေက ဝင်ရောက်စီးနင်းခဲ့ပါတယ်။

အယ်လ်ဆာဗေးဒိုးသမ္မတ နာယစ်ဘ်ဘူကီလီရဲ့ အဖေတူအမေကွဲအစ်ကို ယာမေးလ် ဘူကီလီဟာ နိုင်ငံတဝန်း အားကစားအသင်းတွေအပေါ် စီရင်ပိုင်ခွင့်ရှိတဲ့ အမျိုးသားအားကစားအင်စတီကျုရဲ့ အကြီးအကဲဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလက အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌဟောင်း ရေနလ်ဒို ဗားစ်ကွက်ဇ်ကို ကြေးနန်းလိမ်လည်မှု၊ ငွေကြေးခဝါချမှု စွဲချက်တွေနဲ့ အမေရိကန်ကို လွှဲအပ်ခဲ့ပါတယ်။

//
Up