အနောက်နိုင်ငံတွေရဲ့ ရန်လိုမှုကို တုံ့ပြန်ဖို့ ရုရှအစိုးရဟာ ဘဲလာရုစ်နိုင်ငံအတွင်း အစ်ကန်ဒါ အမ် အမျိုးအစား ဒုံးကျည်စနစ်တွေကို လနည်းနည်းအတွင်း ထောက်ပံ့ပေးမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဘဲလာရုသမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုနဲ့ ဇွန် ၂၅ ရက် ရုပ်သံတွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။
စိန့်ပီတာစဘတ်မြို့မှာ ကျင်းပတဲ့ အစည်းအဝေး လူကာရှန်ကိုက အိမ်နီးချင်း လစ်သူယေးနီးယားနဲ့ ပိုလန်တို့ရဲ့ "ရန်လိုတဲ့၊ ထိပ်တိုက် ရင်ဆိုင်မှု" နဲ့ မူဝါဒတွေကြောင့် ဘဲလာရုစ်ကို စိုးရိမ်မိတယ်လို့ ပူတင်ကို ပြောခဲ့ပါတယ်။
ဘဲလာရုစ်နယ်စပ်နားမှာ အမေရိကန်ဦးဆောင်တဲ့ နေတိုးမဟာမိတ်အဖွဲ့က နျူကလီယား လက်နက်တွေ တပ်ဆင်ထားတဲ့ လေယာဉ်တွေ ပျံသန်းနေတာကို တုံ့ပြန်ရေး ကူညီပေးဖို့ ပူတင်ကို တောင်းဆိုခဲ့တာပါ။ အထူးသဖြင့် ဘဲလာရုစ် စစ်လေယာဉ်တွေ နျူကလီးယားဒဏ် ခံနိုင်ရည်ရှိစေဖို့ အကူအညီ တောင်းခဲ့ပါတယ်။
ပူတင်ကတော့ ဘဲလာရုစ်ရဲ့ ရုရှားနိုင်ငံထုတ် Su-25 ဂျက်လေယာဉ်တွေကို လိုအပ်ရင် ရုရှား စက်ရုံတွေမှာ အဆင့်မြှင့်တင်နိုင်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဆိုဗီယက်ခေတ်က စကာ့ဒ်ဒုံးကျည်ကို အစားထိုးတဲ့ "SS-26 Stone" လို့ နေတိုးက နာမည်ပေးထားတဲ့ ရွေ့လျား ပဲ့ထိန်းဒုံးကျည်စနစ် Iskander-M ကို ထောက်ပံ့ပေးမယ်လို့ ပူတင်က ကတိပြုခဲ့ပါတယ်။
အဲဒီ ပဲ့ထိန်းဒုံးကျည်ဟာ အကွာအဝေး ၅၀၀ ကီလိုမီတာ (မိုင် ၃၀၀) အထိ ပစ်ခတ်နိုင်ပြီး သမားရိုးကျ ဒုံးကျည်ထိပ်ဖူးတွေကိုရော နျူကလီးယား ထိပ်ဖူးတွေကိုပါ သယ်ဆောင်နိုင်ပါတယ်။
ရုရှားနဲ့ ယူကရိန်း အရာရှိတွေကြား ဆွေးနွေးပွဲတွေ ဘဲလာရုစ်နယ်စပ်မှာ ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့တယ်လို့ ရုရှားအစိုးရက ပြောပါတယ်။
ယူကရိန်းကို ကျူးကျော်အပြီး လေးရက်အတွင်း ရုရှားရဲ့ သံတမန်ရေးနဲ့ စီးပွားရေး အထီးကျန်မှု ပိုနက်ရှိုင်းလာနေပါတယ်။ ဒီကျူးကျော်စစ်ဟာ ဒုတိယကမ္ဘာစစ်အပြီး ဥရောပမှာ နိုင်ငံတနိုင်ငံကို အကြီးဆုံးတိုက်ခိုက်မှုလို့ မီဒီယာတွေက ရေးပါတယ်။
ရုရှားစစ်တပ်ဟာ ယူကရိန်း အရှေ့တောင်ပိုင်းက မြို့ငယ် ၂ မြို့နဲ့ နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပတ်လည်က ဧရိယာတွေကို သိမ်းပိုက်ခဲ့ပေမယ့် နေရာတိုင်းမှာ တင်းတင်းမာမာ ခုခံတာ ရင်ဆိုင်ခဲ့ရတယ်လို့ ရုရှားအခြေစိုက် အင်တာဖက်စ်သတင်းမှာ ဖော်ပြထားပါတယ်။
ရုရှားရဲ့ ထိုးစစ်က မျှော်လင့်ထားတာထက် အများကြီး ပိုနှေးလာအပြီးမှာ ချက်ချင်း အပစ်အခတ် ရပ်စဲဖို့နဲ့ ရုရှားတပ်တွေ ပြန်ဆုတ်ခွာဖို့ ရည်မှန်းပြီး ဆွေးနွေးပွဲတွေစခဲ့တယ်လို့ ယူကရိန်း သမ္မတရုံးက ပြောပါတယ်။
ညှိနှိုင်းပွဲတွေအပေါ် ရုရှားအစိုးရရဲ့ ရည်မှန်းချက်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ရုရှားသမ္မတရုံးက ငြင်းဆိုခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာပူတင်က နျူကလီးယားတပ်တွေကို တပ်လှန့်ထားဖို့ တနင်္ဂနွေနေ့မှာ အမိန့်ထုတ်အပြီးမှာ ဘယ်လို တိုးတက်မှုတွေ ရပြီးပြီလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အနောက်နိုင်ငံတွေရဲ့ ကျူးကျော်စစ်အပေါ် တုံ့ပြန်မှုက ကျယ်ပြန့်နေပါတယ်။ အနောက်စျေးကွက်ကနေ ရုရှားရဲ့ ဘဏ္ဍာရေးအဖွဲ့အစည်း အကြီးစားတွေကို ထိထိရောက် ရောက် ဒဏ်ခတ် ဖြတ်တောက်လိုက်လို့ ရုရှားငွေကြေး ရူဘယ်ရဲ့ တန်ဖိုးဟာ ၃၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံအသီးသီးကလည်း ယူကရိန်းဆီကို လက်နက်တွေ ပိုတိုးထောက်ပံ့နေကြပါတယ်။