close

မက်ဆီနှင့် ရော်နယ်ဒို

close

April 25, 2023

မက်ဆီနှင့် ရော်နယ်ဒို လာလီဂါဆီပြန်လာပါက နှစ်သက်စရာဖြစ်မည်ဟု အက်သလက်တီကိုအကြီးအကဲပြော

မက်ဆီနဲ့ရော်နယ်ဒိုတို့ စပိန်လာလီဂါဆီပြန်လာမယ်ဆိုရင် နှစ်သက်စရာဖြစ်လိမ့်မယ်လို့ အက်သလက်တီကိုအကြီးအကဲ အင်းနရစ်ဆာရီဇိုက ပြောပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီဟာ ပဲရစ်ကလပ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် အသင်းဟောင်းဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ရှိနေတာပါ။

ရော်နယ်ဒိုကတော့ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှာ ကစားနေ ပြီး ၂ နှစ်စာချုပ်ချုပ်ဆိုထားတာပါ။

လာလီဂါဆီကို မက်ဆီပြန်လာဖို့ကနီးစပ်ပေမဲ့ ရော်နယ်ဒိုပြန်လာဖို့က အဆင်မပြေဖြစ်နိုင်ပေမဲ့လည်း  သူတို့နှစ်ဦးစလုံး လာလီဂါဆီပြန်လာမယ်ဆိုရင် အလွန်နှစ်သက်စရာ ကောင်းလိမ့်မယ်လို့ ဆာရီဇိုကပြောခဲ့တာပါ။

မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ လာလီဂါမှာ ၉ ရာသီကြာ အပြိုင်အဆိုင် ယှဉ်ပြိုင်ခဲ့ကြပြီး ကမ္ဘာ့ဘောလုံးပရိသတ်တွေရဲ့ စိတ်အာရုံကိုဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

14 mins Ago

August 14, 2020

မက်ဆီနှင့် ရော်နယ်ဒို၏ ကွာခြားချက်အပေါ် ဘာစီလိုနာကစားသမားဟောင်း သုံးသပ် 

မက်ဆီကအရာအားလုံးကို လုပ်ဆောင်နိုင်ပြီး စီရော်နယ်ဒိုက ဂိုးသွင်းသူ တစ်ဦးသာ ဖြစ်တယ်လို့ ဘာစီလိုနာ ကစားသမားဟောင်း အဒါတူရန်က သုံးသပ်ပြောပါတယ်။  တူရကီကစားသမား အဒါတူရန်ဟာ မက်ဆီနဲ့အတူ ဘာစီလိုနာမှာ ၅ နှစ်ကြာ ကစားခဲ့ ဖူးတာပါ။ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ထဲက ဘယ်သူက ပိုကောင်းသလဲဆိုတာကို အဒါတူရန်ကပြန်လည် ဖြေကြားခဲ့တာပါ။  မက်ဆီက ဘောလုံးလောကရဲ့ လက်ဆောင်ဖြစ်ပြီး ပွဲကို အဆုံးအဖြတ်ပေးနိုင်သူ ဖြစ်ကြောင်း၊ ဘောလုံးပေးပို့မှုတွေဟာ တခြားသူတွေနဲ့အများကြီးကွဲပြားကြောင်း အဒါတူရန်က ချီးကျူးပါတယ်။  စီရော်နယ်ဒိုဟာလည်း ထူးခြားတဲ့ကစားသမားဖြစ်ပြီး ဂိုးတွေ အများကြီးသွင်းယူနိုင်သူ ဖြစ်ကြောင်း၊ ရော်နယ်ဒိုနဲ့ နီးစပ်သူတွေနဲ့အသင်းဖော်တွေကသာ ပိုကောင်းတဲ့ ကစားသမားလို့ ပြောကြပြီး ရော်နယ်ဒိုက မိမိရဲ့ သူငယ်ချင်းတစ်ဦးဖြစ်ပေမယ့်လည်း မက်ဆီကသာ ပိုကောင်းတဲ့ ကစားသမားဖြစ်တယ်လို့ အဒါတူရန်က ပြောပါတယ်။ 
3 years Ago
Up