close

မက်ဆီနှင့် ရော်နယ်ဒို လာလီဂါဆီပြန်လာပါက နှစ်သက်စရာဖြစ်မည်ဟု အက်သလက်တီကိုအကြီးအကဲပြော

မက်ဆီနဲ့ရော်နယ်ဒိုတို့ စပိန်လာလီဂါဆီပြန်လာမယ်ဆိုရင် နှစ်သက်စရာဖြစ်လိမ့်မယ်လို့ အက်သလက်တီကိုအကြီးအကဲ အင်းနရစ်ဆာရီဇိုက ပြောပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီဟာ ပဲရစ်ကလပ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် အသင်းဟောင်းဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ရှိနေတာပါ။

ရော်နယ်ဒိုကတော့ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှာ ကစားနေ ပြီး ၂ နှစ်စာချုပ်ချုပ်ဆိုထားတာပါ။

လာလီဂါဆီကို မက်ဆီပြန်လာဖို့ကနီးစပ်ပေမဲ့ ရော်နယ်ဒိုပြန်လာဖို့က အဆင်မပြေဖြစ်နိုင်ပေမဲ့လည်း  သူတို့နှစ်ဦးစလုံး လာလီဂါဆီပြန်လာမယ်ဆိုရင် အလွန်နှစ်သက်စရာ ကောင်းလိမ့်မယ်လို့ ဆာရီဇိုကပြောခဲ့တာပါ။

မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ လာလီဂါမှာ ၉ ရာသီကြာ အပြိုင်အဆိုင် ယှဉ်ပြိုင်ခဲ့ကြပြီး ကမ္ဘာ့ဘောလုံးပရိသတ်တွေရဲ့ စိတ်အာရုံကိုဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

Up