close

မင်းဘူးမြို့နယ်

close

September 1, 2021

မင်းဘူးမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာသဖြင့် အိမ်ထောင်စုထောင်ချီ ပြောင်းရွှေ့ထားရ

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ စက်တင်ဘာ ၁ ရက် မနက်ပိုင်းက ဧရာဝတီမြစ်ရေမြင့်တက်လာလို့ အိမ်ထောင်စု ၁၀၀၀ လောက် ဘေးလွတ်ရာကို ရွှေ့ပြောင်းထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မင်းဘူးမြို့နယ်ထဲက ရပ်ကွက်ကျေးရွာတွေက နေအိမ်တွေကို အခု ၃ ရက်လောက်အတွင်းမှာ ဧရာဝတီမြစ်ရေ ဝင်ရောက်လာတာကြောင့် အိမ်ထောင်စု ၁၀၀၀ နီးပါးလောက် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရတယ်လို့ ဒေသခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

မင်းဘူးမြို့နယ်ရဲ့ အနိမ့်ပိုင်း ဒေသတွေဖြစ်တဲ့ အမှတ် ၄ ရပ်ကွက်၊ သူဌေးကုန်း၊ ရွှေဝါကုန်း ၊သစ်ချိုကုန်း ရပ်ကွက်တွေနဲ့ ထုံးမကြီး ၊တစ်ပင်ရွာ၊ နိဗ္ဗာကျွန်း ကျေးရွာတွေအပြင် မြေနိမ့်ပိုင်းက ကျေးရွာတွေကို မြစ်ရေဝင်ရောက်တာကြောင့် ဒေသခံတွေနဲ့ ကျွဲနွားတိရိစ္ဆာန်တွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းထားရတယ်လို့ ဆိုပါတယ်။

မိုး/ဇလ ဌာနရဲ့ ဒီကနေ့ မနက် ၆ နာရီက တိုင်းထွာချက်အရ မင်းဘူးမြို့နယ်မှာ ဧရာဝတီမြစ်ရေ ၁၅၅၅ စင်တီမီတာ အထိတက်လာပြီးတော့ စိုးရိမ်ရေမှတ်ဟာ ၁၇၀၀ စင်တီမီတာ ရှိတဲ့အတွက် စိုးရိမ်ရေမှတ်ကို ရောက်ဖို့ ၁၄၅ စင်တီမီတာသာလိုတော့တယ်လို့ ထုတ်ပြန်ထားပါတယ်။

15 hours Ago

January 8, 2021

မင်းဘူးမြို့နယ်တွင် ငရုတ်သီးအထွက်ကောင်းပြီး ယခင်နှစ်ကထက် ဈေးနှစ်ဆပိုရ

မကွေးတိုင်းဒေသကြီး၊ မင်ဘူးမြို့နယ်မှာ ငရုတ်သီးအထွက်နှုန်းကောင်းနေပြီး  ပြီးခဲ့တဲ့ နှစ်ကထက်ဈေး နှစ်ဆပိုရတယ်လို့ ဒေသခံ ငရုတ်စိုက်တောင်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က ငရုပ်သီး တစ်ပိဿာကို ကျပ်  ၅၀၀ ကနေ ၈၀၀ လောက်အထိသာ ဈေးရပြီး အခုနှစ်မှာတော့ တစ်ပိဿာ ကျပ်  ၁၂၀၀ မှ ၁၇၀၀ အထိ ရောင်းချရတာကြောင့် ဈေးကောင်း ရရှိတယ်လို့ တောင်သူတွေက ဆိုပါတယ်။ မင်းဘူးမြို့နယ်ရေတွင်းကုန်းရွာက ငရုတ်စိုက်တောင်သူ ဒေါ်အေးကြူခိုင်က "ရွာမှာ ငရုတ်စိုက်တောင်သူ ၂၀၀ လောက်ရှိပြီး စီးပွားဖြစ်လုပ်ကိုင်ကြကာ တစ်ရက်ကို ပိဿာချိန် ၅၀၀၀ လောက် မင်းဘူးမြို့ ကအဝယ်ဒိုင်တွေကိုတင်ပို့ရောင်းချနေတယ်”လို့ ပြောပါတယ်။ မင်းဘူးမြို့နယ်က ငရုတ်သီး အရောင်းဝယ် လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးဌေးလွင်ကတော့ ငရုတ်သီးတွေကို ၂၅ ပိဿာဝင် အိပ်တွေနဲ့ ထုပ်ပိုးပြီး ကုန်တင်ကားတွေနဲ့ ရခိုင်ပြည်နယ် ဘက်ကို အဓိက တင်ပို့ ရောင်းချတယ်လို့ပြောပါတယ်။ “ကိုဗစ်ကာလ ဖြစ်ပေမယ့်လည်း လုပ်ငန်းရှင်တစ်ဦးအနေနဲ့ဝယ်သူပေါ်မူတည်ပြီး တစ်ရက်ကို အိတ် ၅၀ ကနေ ၁၅၀ ထိ ရခိုင်ပြည်နယ်ဘက်ကို တင်ပို့ရောင်းချရတယ်လို့"။ မင်းဘူးမြို့နယ်ထဲမှာ စီးပွားဖြစ်အနေနဲ့ ကျောက်စိမ်း ငရုပ်မျိုးကို ကိုယ်တိုင်ပျိုးထောင် စိုက်ပျိုးကြပြီး စိုက်ခင်းတွေ ရေသွင်းနိုင်အောင်လည်း ၄ လက်မ စက်ရေတွင်းတွေ တူးဖော်ထား လုပ်ကိုင်နေကြပါတယ်။ သတင်း - မင်းထီး
8 months Ago
Up