close

မင်းဘူးမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာသဖြင့် အိမ်ထောင်စုထောင်ချီ ပြောင်းရွှေ့ထားရ

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ စက်တင်ဘာ ၁ ရက် မနက်ပိုင်းက ဧရာဝတီမြစ်ရေမြင့်တက်လာလို့ အိမ်ထောင်စု ၁၀၀၀ လောက် ဘေးလွတ်ရာကို ရွှေ့ပြောင်းထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မင်းဘူးမြို့နယ်ထဲက ရပ်ကွက်ကျေးရွာတွေက နေအိမ်တွေကို အခု ၃ ရက်လောက်အတွင်းမှာ ဧရာဝတီမြစ်ရေ ဝင်ရောက်လာတာကြောင့် အိမ်ထောင်စု ၁၀၀၀ နီးပါးလောက် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရတယ်လို့ ဒေသခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

မင်းဘူးမြို့နယ်ရဲ့ အနိမ့်ပိုင်း ဒေသတွေဖြစ်တဲ့ အမှတ် ၄ ရပ်ကွက်၊ သူဌေးကုန်း၊ ရွှေဝါကုန်း ၊သစ်ချိုကုန်း ရပ်ကွက်တွေနဲ့ ထုံးမကြီး ၊တစ်ပင်ရွာ၊ နိဗ္ဗာကျွန်း ကျေးရွာတွေအပြင် မြေနိမ့်ပိုင်းက ကျေးရွာတွေကို မြစ်ရေဝင်ရောက်တာကြောင့် ဒေသခံတွေနဲ့ ကျွဲနွားတိရိစ္ဆာန်တွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းထားရတယ်လို့ ဆိုပါတယ်။

မိုး/ဇလ ဌာနရဲ့ ဒီကနေ့ မနက် ၆ နာရီက တိုင်းထွာချက်အရ မင်းဘူးမြို့နယ်မှာ ဧရာဝတီမြစ်ရေ ၁၅၅၅ စင်တီမီတာ အထိတက်လာပြီးတော့ စိုးရိမ်ရေမှတ်ဟာ ၁၇၀၀ စင်တီမီတာ ရှိတဲ့အတွက် စိုးရိမ်ရေမှတ်ကို ရောက်ဖို့ ၁၄၅ စင်တီမီတာသာလိုတော့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up