close

မန္တလေးသပိတ်ခေါင်းဆောင်

close

April 20, 2022

မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင် စစ်ကြောရေးတွင် ကျဆုံး

မန္တလေးမြို့ သပိတ်ခေါင်းဆောင် ကိုသူရ‌အောင် စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ ကျဆုံးခဲ့ပြီ ဖြစ်တယ်လို့ မန္တလေး အထွေထွေသပိတ်တပ်ပေါင်းစုက ဧပြီ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ကိုသူရအောင်ဟာ စစ်အာဏာရှင်တော်လှန်ရေး မန္တလေးသပိတ်မှာ ပါဝင်ခဲ့ပြီး သပိတ်တပ်ဦးကနေ ရဲရဲဝင့်ဝင့် စစ်အာဏာရှင်ကို တော်လှန်ခဲ့တာကြောင့် ဖေဖော်ဝါရီ ၉ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

“ကိုသူရအောင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးချိန်ကစပြီး နှစ်လကျော်ကြာတဲ့အထိ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ ရှေ့နေတွေနဲ့ လုံးဝ အဆက်အသွယ် မရခဲ့ဘူး” လို့ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကြောရေးစခန်းမှာ သေဆုံးသူ ၁၀၀ ကျော်အထိ ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ သိရပါတယ်။

47 seconds Ago

April 11, 2022

ဖမ်းဆီးခံ မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင် အသက်အန္တရာယ်စိုးရိမ်ရ

မန္တလေးမြို့က စစ်အာဏာရှင်သပိတ်မှောက် လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်တဲ့ မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင်ဟာ ဖမ်းဆီးခံထားရပြီး သူ့ရဲ့အသက်အန္တရာယ် အထူးစိုးရိမ်ကြောင်း မန္တလေး သပိတ်အင်အားစုက ထုတ်ပြန်ပါတယ်။

ကိုသူရအောင်ဟာ ဖေဖော်ဝါရီ ၉ ရက်က  အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးတာကိုခံခဲ့ရပြီး ဖမ်းဆီးခံရချိန်ကနေ ဒီနေ့ချိန်အထိ မိသားစု၊ မိတ်ဆွေ၊ ရှေ့နေတွေနဲ့ လုံးဝ အဆက်အသွယ် မရသေးပါဘူး။

ကိုသူရအောင်ဟာ စစ်အုပ်စုရဲ့ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်ကြောရေးမှာ အသက်အန္တရာယ်ရှိနေတယ် (သို့မဟုတ်) ကျဆုံးသွားပြီဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ကြားနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုသူရအောင်ဟာ မန္တလေးအိုးဘိုအကျဉ်းထောင်ထဲကို မရောက်သေးကြောင်းနဲ့ သူ အပါအဝင် စစ်အုပ်စုရဲ့ အဓမ္မဖမ်းဆီးခံထားရသူ အားလုံးအတွက် ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို အလွန်အမင်း စိုးရိမ်နေကြတယ်လို့ မန္တလေးသပိတ်အင်အားစု က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မန္တလေး သပိတ်အင်အားစု ၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC - Mandalay) တို့ကလည်း ကိုသူရအောင် အသက်အန္တရာယ် ဘေးကင်းလုံခြုံမှုရှိရေး၊ မိသားစု၊ မိတ်ဆွေတွေနဲ့ အမြန်ဆုံး အဆက်အသွယ်ရရှိရေး၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများ၊ ရှေ့နေရှေ့ရပ်များ၊ သံရုံးနဲ့ သံတမန် အဖွဲ့အစည်းတွေအပါအဝင် တတ်စွမ်းနိုင်သူတွေ အရေးပေါ် ကြားဝင် ကူညီဆောင်ရွက်ပေးဖို့ အကူအညီတောင်းထားပါတယ်။

1 week Ago
Up