ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ ဒေအူလန်ပါဒေသ ဒုန်ခုန်းရွာမှာ ဖေဖော်ဝါရီ ၁၇ ရက်က စစ်ကြောင်းတက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က ဟန့်တားတိုက်ခိုက်တာကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
လွယ်ဂျောင်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ် ခလရ (၂၂၃)၊ တပ်အင်အား ၁၀၀ ဝန်းကျင်လောက်ဟာ ဘူဒိုဇာလမ်းရှင်းစက်တစ်စီးအပါအဝင် စစ်ကြောင်းနဲ့ သွားလာနေစဉ် ကချင်လွတ်မြောက်ရေး တပ်မတော်က ဟန့်တားတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်တွေဘက်က ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။
စစ်ကြောင်းနဲ့ သွားလာနေတဲ့ ခလရ (၂၂၃) စစ်ကောင်စီတပ်သားတွေက လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ကတည်းက ကချင်လွတ်မြောက်ရေးတပ်မတော် တပ်ရင်း(၂၇) ဒေသမှာ ဘူဒိုဇာကားနဲ့ လမ်းရှင်းရင်း သွားလာနေတာကြောင့် တိုက်ပွဲပေါင်း ၃ ကြိမ်နဲ့အထက်ဖြစ်ပွားခဲ့ပါတယ်။
ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၃)၊ တပ်ရင်း (၂၇) ဒေသ ဇောင်ဘုန်ထိန်နူနားမှာ ဇန်နဝါရီ ၃၀ ရက်ကလည်း ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ စစ်ကောင်စီလက်အောက်ခံတပ်သားတွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
မိုင်းနဲ့ ပစ်ပေါက်ခံရတဲ့အိမ်ဟာ မန်ဝိန်းကြီးကျေးရွာ ရပ်ကွက် ၆ ရှိ စိုင်းထွန်းအဲင် (ခ) ဦးထွန်းခင်နဲ့ နန်းခမ်းစိန်တို့ မိသားစုနေအိမ်ဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက် ည ၇ နာရီ မိနစ် ၄၀ လောက်က ပစ်ပေါက်ခံရတာလို့ မန်ဝိန်းကြီးဒေသခံ ဦးစိုင်းလှအောင်က ဒီဗွီဘီကို ပြောပါတယ်။
“သူတို့အိမ်က နှစ်ထပ်တိုက်ပေါ့နော်၊ မနေ့တုန်းက အိမ်ထောင်ဦးစီးကတော့ အိမ်မှာမရှိဘူး။ ခြံသွားနေတယ်။ သူတို့သားအမိ ၃ ယောက်အိမ်ထဲမှာရှိနေတုန်း ဝုန်းကနဲ အသံအကျယ်ကြီး ကြားရပြီး ထကြည့်တော့ အိမ်ရှေ့ဝင်းတံခါးရော၊ အိမ်နံရံ နဲ့ ပြတင်း ပေါက်မှန်တွေ ကွဲကုန်တယ်။ ဆိုင်ကယ်အမြန် မောင်းသံကြားတယ်လို့ပြောတယ်။ လူတော့ မထိပါဘူး။ ဒါပေမဲ့ တစ်ရပ်ကွက်လုံး လန့်ကုန်တယ်။ မန်ဝိန်းကြီးရဲစခန်းက တာဝန်ရှိသူတွေ လာစစ်ပြီး အမှုဖွင့်ထားတယ်။ လက်လုပ်ဗုံးလို့ ပြောလာတယ်။ ဘယ်သူက ဘာဖြစ်လို့ လာပစ်လဲဆိုတာတော့ မသိရပါဘူး။ ”
စိုင်းထွန်းအဲင်တို့ မိသားစုဟာ ဖရဲခြံလုပ်ငန်းကို အဓိကထားလုပ်ကိုင်ပြီး ရွာထဲမှာတော့ စီးပွါးရေး အတော်အသင့်ချောင်လည်ကြောင်း၊ နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့စတာတွေနဲ့ ပတ်သက်မှု မရှိဘဲ ဘယ်သူနဲ့မှလည်း ရန်ငြိုးရန်စမရှိလို့ ဘာကြောင့်ခုလိုလုပ်ခံရတယ်ဆိုတာ စဉ်းစားလို့မရဘူးလို့ သူကဆက်ပြောပါတယ် ။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့နဲ့ အရေးယူဆောင်ရွက်ထားမှု အခြေအနေကိုသိရဖို့ မန်ဝိန်းကြီးရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ ဦးထွန်းခင်ရဲ့ နေအိမ်ရှေ့မှာ အမည်မသိ လူ ၂ ဦးက ဆိုင်ကယ်ပေါ်ကနေ အထုပ်တစ်ထုပ် ပစ်ချသွားခဲ့ကြောင်း ၊ အထုပ်ထဲမှာပါတဲ့ အသံမိုင်းပေါက်ကွဲခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် အဆိုပါအိမ်ရှေ့သံပန်းတံခါးအောက်လျှောက်လမ်း ၁ ပေခွဲလောက်ပျက်စီးသွားပြီး ၊ အိမ်ရှေ့မှန်တံခါး ၆ ချပ်ကွဲသွားကာ အိမ်နံရံနဲ့ အိမ်သွပ်မိုးတို့မှာ ကျောက်ခဲစတွေထိမှန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မန်ဝိန်းကြီးရွာဟာ အိမ်ခြေ ၁၀၀၀ ကျော်ရှိ ရွာကြီးတစ်ရွာဖြစ်ပြီး ရှမ်း၊ ကချင်၊ လီဆူ၊ တရုတ်၊ မြန်မာအစရှိလူမျိုးပေါင်းစုံနေထိုင်ကြပြီး လောလောဆယ် တိုက်ပွဲတွေဖြစ်ပွားတာလည်း မရှိဘူးလို့ ဒေသခံက ပြောပါတယ်။
ဓာတ်ပုံ-DSINFO