close

မန်စီမြို့နယ်တွင် ကေအိုင်အေနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ ဒေအူလန်ပါဒေသ ဒုန်ခုန်းရွာမှာ  ဖေဖော်ဝါရီ ၁၇ ရက်က စစ်‌ကြောင်းတက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က ဟန့်တားတိုက်ခိုက်တာကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လွယ်ဂျောင်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ် ခလရ (၂၂၃)၊ တပ်အင်အား ၁၀၀ ဝန်းကျင်လောက်ဟာ ဘူဒိုဇာလမ်းရှင်းစက်တစ်စီးအပါအဝင် စစ်ကြောင်းနဲ့ သွားလာနေ‌စဉ် ကချင်လွတ်‌မြောက်ရေး တပ်မတော်က ဟန့်တားတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်တွေဘက်က ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။ 

စစ်ကြောင်းနဲ့ သွားလာနေတဲ့ ခလရ (၂၂၃) စစ်ကောင်စီတပ်သားတွေက လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ကတည်းက ကချင်လွတ်မြောက်ရေးတပ်မတော် တပ်ရင်း(၂၇) ဒေသမှာ ဘူဒိုဇာကားနဲ့ လမ်းရှင်းရင်း သွားလာနေတာကြောင့် တိုက်ပွဲပေါင်း ၃ ကြိမ်နဲ့အထက်ဖြစ်ပွားခဲ့ပါတယ်။ 

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၃)၊ တပ်ရင်း (၂၇) ဒေသ ဇောင်ဘုန်ထိန်နူနားမှာ ဇန်နဝါရီ ၃၀ ရက်ကလည်း ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ စစ်ကောင်စီလက်အောက်ခံတပ်သားတွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up