close

မန်စီးတီးနည်းပြ

close

February 18, 2023

နံပါတ် ၁ နေရာ ရောက်လာသော်လည်း အရှိန်ကောင်းမရသေးကြောင်း မန်စီးတီးနည်းပြ ပြော

လက်ရှိချံပီယံ မန်စီးတီးအသင်းဟာ အာဆင်နယ်ကို ကျော်ဖြတ်ပြီး အမှတ်ပေးဇယားမှာ နံပါတ်တစ်နေရာရောက်ရှိလာခဲ့ပေမဲ့ ကောင်းမွန်တဲ့အရှိန်အဟုန် မရရှိသေးကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။

မန်စီးတီးအသင်းဟာ စပါးအသင်းကို ရှုံးနိမ့်ပြီးနောက် ဗီလာနဲ့ အာဆင်နယ်အသင်းတွေကို နှစ်ပွဲ ဆက်တိုက် အနိုင်ယူခဲ့တာပါ။

ကောင်းမွန်တဲ့ အရှိန်အဟုန်ဆိုတာ ၁၀ ပွဲဆက်တိုက်နိုင်ပွဲရယူနိုင်တာမျိုးကိုဆိုလိုပြီး ဒီနှစ်ရာသီမှာ အဲဒီလိုစွမ်းဆောင်ရည်မျိုးမရရှိသေးကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။

အာဆင်နယ်အသင်းရဲ့လက်ထဲမှာ တစ်ပွဲကျန်ရှိသေးတာကြောင့် သူတို့အနိုင်ရမယ်ဆိုရင် အဆင့်၂ နေရာကို ပြန်လည်ရောက်ရှိမှာဖြစ်ကြောင်း၊ နော်တမ်ဟမ်ဖောရက်စ်နဲ့ ပွဲစဉ်အတွက်ပဲ အာရုံစိုက်ထားကြောင်း ဂွါဒီယိုလာက ပြောသွားပါတယ်။

28 seconds Ago

February 4, 2023

ကန်ဆယ်လိုနှင့်ပတ်သက်ပြီး ဘာဆက်ဖြစ်မလဲမသိနိုင်ကြောင်း မန်စီးတီးနည်းပြ မှတ်ချက်ပေး

နောက်ခံလူကန်ဆယ်လိုနဲ့ ပတ်သက်ပြီး လာမယ့်ရာသီမှာ ဘာဆက်မဖြစ်မလဲဆိုတာမသိနိုင် ကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာက ပြောပါတယ်။

ပေါ်တူဂီသားဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။

ဘိုင်ယန်ဘက်က ပေါင် ၆၁ သန်းပေးပြီး ခေါ်ယူခွင့်ရှိနေပေမယ့် နည်းပြဂွါဒီယိုလာကတော့ ကန်ဆယ်လိုနဲ့ ပတ်သက်ပြီးဘာဆက်ဖြစ်မလဲဆိုတာ မသိနိုင်ကြောင်းပြောခဲ့တာပါ။

“ပထမဆုံးပြောချင်တာကတော့ လာမယ့်လေးလ အတွင်းမှာ သူ့အနေနဲ့ အကောင်းဆုံးဖြစ်ပါစေလို့ ကျနော်ဆန္ဒပြုပါတယ်။ လာမယ့်ရာသီကျရင်တော့ ဘာဖြစ်မလဲ မသိနိုင်ပါဘူး။ သူဟာ ကျနော်တို့ရယူခဲ့တဲ့ နောက်ဆုံးချန်ပီယံဆုနှစ်ကြိမ်မှာ ထူးချွန် ပြောင်မြောက်စွာ ခြေစွမ်းပြသနိုင်ခဲ့သူဖြစ်တယ်”လို့ ဂွါဒီယိုလာကပြောပါတယ်။

ကမ္ဘာ့ဖလားအပြီးမှာ မတူကွဲပြားတဲ့ပုံစံတချို့ကိုအသုံးပြုခဲ့ပြီး တခြားကစားသမားတချို့ကို အခွင့်အရေးပေးခဲ့ကြောင်း၊ ကန်ဆယ်လိုဟာ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးကြိုးစားခဲ့ပြီး ပွဲကစားချင်တဲ့သူဖြစ်လို့ အငှားချခွင့်ပြုခဲ့တာဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ဆက်ပြီးပြောသွားပါတယ်။ 

2 weeks Ago
Up