ကန်ဆယ်လိုနှင့်ပတ်သက်ပြီး ဘာဆက်ဖြစ်မလဲမသိနိုင်ကြောင်း မန်စီးတီးနည်းပြ မှတ်ချက်ပေး

နောက်ခံလူကန်ဆယ်လိုနဲ့ ပတ်သက်ပြီး လာမယ့်ရာသီမှာ ဘာဆက်မဖြစ်မလဲဆိုတာမသိနိုင် ကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာက ပြောပါတယ်။
ပေါ်တူဂီသားဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ဘိုင်ယန်ဘက်က ပေါင် ၆၁ သန်းပေးပြီး ခေါ်ယူခွင့်ရှိနေပေမယ့် နည်းပြဂွါဒီယိုလာကတော့ ကန်ဆယ်လိုနဲ့ ပတ်သက်ပြီးဘာဆက်ဖြစ်မလဲဆိုတာ မသိနိုင်ကြောင်းပြောခဲ့တာပါ။
“ပထမဆုံးပြောချင်တာကတော့ လာမယ့်လေးလ အတွင်းမှာ သူ့အနေနဲ့ အကောင်းဆုံးဖြစ်ပါစေလို့ ကျနော်ဆန္ဒပြုပါတယ်။ လာမယ့်ရာသီကျရင်တော့ ဘာဖြစ်မလဲ မသိနိုင်ပါဘူး။ သူဟာ ကျနော်တို့ရယူခဲ့တဲ့ နောက်ဆုံးချန်ပီယံဆုနှစ်ကြိမ်မှာ ထူးချွန် ပြောင်မြောက်စွာ ခြေစွမ်းပြသနိုင်ခဲ့သူဖြစ်တယ်”လို့ ဂွါဒီယိုလာကပြောပါတယ်။
ကမ္ဘာ့ဖလားအပြီးမှာ မတူကွဲပြားတဲ့ပုံစံတချို့ကိုအသုံးပြုခဲ့ပြီး တခြားကစားသမားတချို့ကို အခွင့်အရေးပေးခဲ့ကြောင်း၊ ကန်ဆယ်လိုဟာ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးကြိုးစားခဲ့ပြီး ပွဲကစားချင်တဲ့သူဖြစ်လို့ အငှားချခွင့်ပြုခဲ့တာဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ဆက်ပြီးပြောသွားပါတယ်။