close

မန်ယူနည်းပြဟောင်း

close

October 20, 2022

မန်ယူနည်းပြဟောင်းမိုက်ကယ်ကာရစ် မစ်ဒယ်ဘရော့အသင်းကိုတာဝန်ယူရန် သဘောတူ

မန်ယူအသင်းရဲ့ ကစားသမားဟောင်းလည်းဖြစ်၊ နည်းပြဟောင်းလည်းဖြစ်ခဲ့ဖူးသူ မိုက်ကယ်ကာရစ်ဟာ မစ်ဒယ်ဘရော့အသင်းကို တာဝန်ယူကိုင်တွယ်တော့မှာပါ။ 

မန်ယူအသင်းဟာ နည်းပြဆိုးလ်ရှားနဲ့ လမ်းခွဲခဲ့ပြီးနောက် ကာရစ်ကိုယာယီနည်းပြချုပ်အနေနဲ့ သုံးပွဲကိုင်တွယ်စေခဲ့တာပါ။ အဲဒီနောက် နည်းပြရက်ဖ်ရင်းနစ်ခ်တာဝန်ယူချိန်မှာ အသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။

ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းဟာ နည်းပြခရစ္စဝဲလ်ဒါကို ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းက ထုတ်ပယ်ခဲ့ပြီး  နည်းပြလီယိုပါကိုဗစ်ချ်က ယာယီနည်းပြအနေနဲ့ တာဝန်ယူလာခဲ့တာပါ။

ချန်ပီယံရှစ်ပွဲစဉ် ၁၅ ကစားအပြီးမှာ ၄ ပွဲနိုင် ၄ ပွဲသရေ၊ ၇ ပွဲရှုံးခဲ့တဲ့ မစ်ဒယ်ဘရော့ဟာ အဆင့်၂၀ မှာရပ်တည်နေတာပါ။ 

ကာရစ်ဟာ မန်ယူအသင်းမှာလက်တွဲခဲ့တဲ့ နည်းပြ မိုက်ဖီလန်နဲ့ မူလန်စတင်း တို့ကို သူ့ရဲ့နည်းပြအဖွဲ့မှာပါဝင်ဖို့ ဆန္ဒရှိနေပြီး မကြာခင်မှာတရားဝင်သတင်းထုတ်ပြန်သွားဖို့ရှိနေပါတယ်။

10 mins Ago
Up