close

မန်ယူနိုက်တက်အသင်

close

April 28, 2022

အောင်မြင်မှုရရန် နည်းပြတန်ဟတ်ချ် လုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း ဖာဂူဆန်ပြော

မန်ယူအသင်းနည်းပြသစ် တန်ဟတ်ချ်အနေနဲ့ အသင်းကို အကောင်းဆုံး ကိုင်တွယ်နိုင်ပြီး အောင်မြင်မှုတွေ ရယူနိုင်ဖို့ မျှော်လင့်ကြောင်း ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်က ပြောပါတယ်။

ဧပြီ ၂၇ ရက်က မြင်းပြိုင်ပွဲတခုကို လာရောက်အားပေးချိန်မှာ အသင်းဟောင်း မန်ယူနည်းပြ တန်ဟတ်ချ်နဲ့ ပတ်သက်ပြီး ဖာဂူဆန်က မှတ်ချက်ပေးခဲ့တာပါ။

“သူ အကောင်းဆုံး လုပ်ဆောင်နိုင်မယ်လို့ ကျနော်မျှော်လင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အသင်းကလည်း တစုံတယောက်ရဲ့ ထိန်းချုပ်နိုင်မှု လိုအပ်နေတယ်။ နည်းပြသစ်အနေနဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့ မျှော်လင့်တယ်။”

အသက် ၈ဝ ရှိလာတဲ့ စကော့တလန်နည်းပြကြီး ဖာဂူဆန်ဟာ အသင်းဟောင်း ယူနိုက်တက်ရဲ့ ပွဲစဉ်တွေကို လက်ရှိအချိန်အထိ လာရောက်ကြည့်ရှုနေဆဲ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ နည်းပြ ဆာအဲလက်စ်ဖာဂူဆန် အနားယူသွားတဲ့ ၂၀၁၃ ခုနှစ်ကစတင်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ဝေးကွာနေဆဲ ဖြစ်ပါတယ်။

40 mins Ago

March 8, 2020

မန်ယူနိုက်တက်ကို ရမှတ်အများကြီးဖြတ်ထားနိုင်မည်ဟု မမျှော်လင့်ခဲ့ကြောင်း ဂွါဒီယိုလာပြော

မန်ယူနိုက်တက်အသင်းအပေါ် ရမှတ် အပြတ်အသတ်နဲ့ အသာစီးရလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာကပြောပါတယ်။  မန်ယူနိုက်တက်နဲ့ မန်စီးတီးအသင်းတို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဒီကနေ့ည ၁၁ နာရီ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ဒီပွဲမတိုင်ခင်ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက ပြောကြားခဲ့တာပါ။ မန်စီးတီးအသင်းဟာ ပရီးမီးယား လိဂ်ပွဲစဉ် ၂၇ အပြီးမှာ မန်ယူအသင်းကို ၁၅ မှတ်အထိ ဖြတ်ထားတာဖြစ်ပါတယ်။ မန်ယူနည်းပြဆိုးလ် ရှားကိုတော့ ဂွါဒီယိုလာက ချီးကျူးသွားခဲ့ပြီး  အသင်းရဲ့ ခြေစွမ်းတိုးတက်လာဖို့အတွက် အကောင်းဆုံး ကြိုးစားနေသူလို့ ပြောပါတယ်။
2 years Ago
Up