close

မန်ယူနိုက်တက်

close

April 15, 2023

ဆီဗီလာနှင့် ဒုတိယအကျော့တွင် ရက်ရှ်ဖို့ဒ် ပြန်လည်ပါဝင်လာနိုင်ဟု မန်ယူနည်းပြပြော

ဆီဗီလာအသင်းနဲ့ ကစားရမယ့် ယူရိုပါလိဂ်ဒုတိယအကျော့ပွဲစဉ်မှာ ဒဏ်ရာရရှိနေတဲ့တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ပြန်လည်ပါဝင်ကစားလာနိုင်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။

ယူနိုက်တက်အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမား ရက်ရှ်ဖို့ဒ်ဟာ အဲဗာတန်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ လိဂ်ပွဲစဉ်မှာ ပေါင်ခြံဒဏ်ရာရခဲ့တာဖြစ်ပြီး ဆီဗီလာနဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ ပထမအကျော့ပွဲစဉ် ကိုလွဲချော်ခဲ့ပါတယ်။

သောကြာနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ရက်ရှ်ဖို့ဒ်  ပြန်လည်ပါဝင်နိုင်မယ်လို့ အတည်မပြုနိုင်သေးပေမဲ့ ပြန်လည်ပါဝင်နိုင်ဖို့ အခွင့်အလမ်းရှိနေ ကြောင်း နည်းပြတန်ဟတ်ဂ်ကပြောပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ တနင်္ဂနွေနေ့မှာကစားရမယ့် နော်တမ်ဟမ် ဖောရက်စ်နဲ့ပွဲကိုတော့ သေချာပေါက် လွဲချော်မှာဖြစ်ပါတယ်။

2 days Ago

March 15, 2023

ဒဏ်ရာကြောင့် အနားယူရတော့မည့်အပေါ် စိတ်ပျက်မိကြောင်း မန်ယူကြယ်ပွင့် ဂါနာချို ဖွင့်ဟ

ခြေကျင်းဝတ်ဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ် အနားယူရမယ့်အပေါ်မှာ စိတ်ပျက်မိ ကြောင်း မန်ယူတောင်ပံကစားသမား ဂါနာချိုက ပြောပါတယ်။

ဂါနာချိုဟာ ဆောက်သမ်တန်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့လို့ စစ်ဆေးမှုတွေပြုလုပ်အပြီးမှာ ရက်သတ္တပတ် ၃ ပတ်ကနေ ၄ပတ် အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။

ဒါဟာ ယူနိုက်တက်အသင်းအတွက် အပြင် အာဂျင်တီးနားအတွက်ပါ ကစားခွင့်ရမှာမဟုတ်တာက စိတ်ပျက်စရာဖြစ်ကြောင်း ဂါနာချိုကပြောပါတယ်။

ကလပ်အသင်းအတွက်အရေးပါတဲ့ အချိန်ကာလမှာ အကူအညီပေးနိုင်တော့မှာမဟုတ်သလို အာဂျင်တီးနားမှာ ရွေးချယ်ခံရပေမဲ့လည်း ပါဝင်နိုင်ခြင်းမရှိတော့တာဟာ စိတ် ပျက်စရာကောင်းကြောင်း ဂါနာချိုကပြောသွားပါတယ်။

အသက် ၁၈ နှစ်ရှိ ဂါနာချိုဟာ အခုနှစ် ရာသီပရီးမီးယားလိဂ် ၁၅ ပွဲမှာ ၂ ဂိုးသွင်း ၂ ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။

1 month Ago
Up