close

မန်ယူနှင့်ပွဲ

close

January 21, 2023

မန်ယူနှင့်ပွဲတွင် ကစားသမားသစ် ထရော့ဆတ် ပါဝင်ကစားနိုင်ဟု အာဆင်နယ်နည်းပြပြော

အခုသီတင်းပတ် မန်ယူအသင်းနဲ့ကန်မယ့်ပွဲစဉ်မှာ ကစားသမားသစ် ထရော့ဆတ် ပါဝင်ကစားနိုင်ကြောင်း အာဆင်နယ် နည်းပြ အာတီတာက ပြောပါတယ်။ 

ဘယ်လ်ဂျီယံ ကွင်းလယ်တိုက်စစ်ကစားသမား ထရော့ဆတ်ဟာ ဘရိုက်တန်အသင်းကနေ ပေါင် ၂၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ဇန်နဝါရီ ၂၀ ရက်က အသင်းနဲ့ တရားဝင်မိတ်ဆက်ခဲ့ပါတယ်။

ကစားသမားသစ် ထရော့ဆတ်ဟာ ဇန်နဝါရီ ၂၀ ရက်က လေ့ကျင့်ခန်းဆင်းခဲ့တဲ့အတွက် မန်ယူနဲ့ပွဲမှာပါဝင်နိုင်ကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ နည်းပြ အာတီတာက ပြောပါတယ်။ ထရော့ဆတ်ဟာ တိုက်စစ်နေရာစုံမှာ ကစားနိုင်စွမ်းရှိတာကြောင့် သူ့ကိုခေါ်ယူနိုင်ခဲ့တဲ့အပေါ် ပျော်ရွှင်ကျေနပ်မိပြီး အသင်းအတွက် ချက်ချင်းအကျိုးသက်ရောက်မှုရှိနိုင်မယ့်သူလို့ နည်းပြ အာတီတာက ပြောပါတယ်။

ထရော့ဆတ်ဟာ ပါးရည်နပ်ရည်ရှိတဲ့ကစားသမားဖြစ်တယ်ဆိုတာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မြင်တွေ့နိုင်ကြောင်း၊ အသင်းရဲ့ကစားပုံနဲ့လည်းအံဝင်ခွင်ကျဖြစ်တဲ့သူဖြစ်ကြောင်း နည်းပြ အာတီတာက ပြောပါတယ်။

5 mins Ago

December 10, 2020

မန်ယူနှင့်ပွဲတွင် အဂွဲရိုးကို  အသုံးမပြုဟု ဂွါဒီယိုလာ ပြော

မန်ယူနဲ့ ကန်မယ့် ပွဲစဉ်မှာ တိုက်စစ်မှူး အဂွဲရိုးကို ပွဲထွက်ကစားစေမှာ မဟုတ်ကြောင်း နည်းပြ ဂွါဒီယိုလာက အတည်ပြုလိုက်ပါတယ်။  အဂွဲရိုးဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာခဲ့ပြီးနောက် မာဆေးကို ၃ ဂိုး ဂိုး မရှိနဲ့ အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လူစားဝင်ကစားခဲ့ပြီး အနိုင်ဂိုး ၁ ဂိုးသွင်းခဲ့ပါတယ်။   အဂွဲရိုးအနေနဲ့ မာဆေးနဲ့ ပွဲမှာ ၂၅မိနစ် ဝင်ကစားခဲ့ပြီး ၁ ဂိုး သွင်းခဲ့ပေမဲ့ လေ့ကျင့်ချိန် သိပ်မရသေးတာကြောင့် မန်ယူနဲ့ ပွဲမှာ ပွဲထွက် အသုံးပြုမှာ မဟုတ်ဘဲ တစ်ဆင့်ချင်းစီ သွားရမှာဖြစ်တယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။  နည်းပြဂွါဒီယိုလာအနေနဲ့ မန်ချက်စတာဒါဘီမှာ အဂွဲရိုးကို လူစားဝင် ကစားစေဖို့တော့ ရှိပါတယ်။  တိုက်စစ်မှူး အဂွဲရိုးဟာ မာဆေးနဲ့ ပွဲမှာချန်ပီယံလိဂ်သွင်းဂိုး ၁ ဂိုးရခဲ့တာကြောင့် စုစုပေါင်း ၄၁ ဂိုး ရှိသွားပြီဖြစ်ပါတယ်။  တောင်အမေရိကကစားသမားတွေထဲမှာ မက်ဆီပြီးရင် ချန်ပီယံလိဂ်သွင်းဂိုး ဒုတိယ အများဆုံး ကစားသမားအဖြစ် ပီအက်စ်ဂျီတိုက်စစ်မှူး နေမာနဲ့အတူ ပူးတွဲရပ်တည် နေပါတယ်။
2 years Ago
Up