မန်ယူနှင့်ပွဲတွင် ကစားသမားသစ် ထရော့ဆတ် ပါဝင်ကစားနိုင်ဟု အာဆင်နယ်နည်းပြပြော

အခုသီတင်းပတ် မန်ယူအသင်းနဲ့ကန်မယ့်ပွဲစဉ်မှာ ကစားသမားသစ် ထရော့ဆတ် ပါဝင်ကစားနိုင်ကြောင်း အာဆင်နယ် နည်းပြ အာတီတာက ပြောပါတယ်။
ဘယ်လ်ဂျီယံ ကွင်းလယ်တိုက်စစ်ကစားသမား ထရော့ဆတ်ဟာ ဘရိုက်တန်အသင်းကနေ ပေါင် ၂၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ဇန်နဝါရီ ၂၀ ရက်က အသင်းနဲ့ တရားဝင်မိတ်ဆက်ခဲ့ပါတယ်။
ကစားသမားသစ် ထရော့ဆတ်ဟာ ဇန်နဝါရီ ၂၀ ရက်က လေ့ကျင့်ခန်းဆင်းခဲ့တဲ့အတွက် မန်ယူနဲ့ပွဲမှာပါဝင်နိုင်ကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ နည်းပြ အာတီတာက ပြောပါတယ်။ ထရော့ဆတ်ဟာ တိုက်စစ်နေရာစုံမှာ ကစားနိုင်စွမ်းရှိတာကြောင့် သူ့ကိုခေါ်ယူနိုင်ခဲ့တဲ့အပေါ် ပျော်ရွှင်ကျေနပ်မိပြီး အသင်းအတွက် ချက်ချင်းအကျိုးသက်ရောက်မှုရှိနိုင်မယ့်သူလို့ နည်းပြ အာတီတာက ပြောပါတယ်။
ထရော့ဆတ်ဟာ ပါးရည်နပ်ရည်ရှိတဲ့ကစားသမားဖြစ်တယ်ဆိုတာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မြင်တွေ့နိုင်ကြောင်း၊ အသင်းရဲ့ကစားပုံနဲ့လည်းအံဝင်ခွင်ကျဖြစ်တဲ့သူဖြစ်ကြောင်း နည်းပြ အာတီတာက ပြောပါတယ်။