close

မန်ယူအကယ်ဒမီ

close

June 29, 2022

အီရတ်လက်ရွေးစင် ဇီဒန်းအစ်ဘယ်ကို မန်ယူအသင်း နှစ်ရှည်စာချုပ်ချုပ်

မန်ယူအသင်းဟာ အကယ်ဒမီထွက် ကစားသမားတဦးဖြစ်တဲ့ အီရတ်လက်ရွေးစင် ဇီဒန်းအစ်ဘယ်ကို နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

အသက် ၁၉ နှစ်ရှိ ကွင်းလယ်လူ အစ်ဘယ်ဟာ ပြီးခဲ့တဲ့နှစ်က အသင်းကြီးနဲ့အတူ ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့် ရရှိခဲ့ပြီး မန်ယူအသင်းက ၂၀၂၅ ခုနှစ်အထိ နှစ်ရှည်စာချုပ် ချုပ်ဆိုခဲ့တာပါ။

အင်္ဂလိပ်ဖခင်နဲ့ အီရတ်မိခင်တို့ကနေ မန်ချက်စတာမှာမွေးခဲ့တဲ့ အစ်ဘယ်ဟာ နိုင်ငံကိုယ်စားပြုအသင်းအဖြစ် အီရတ်အသင်းကို ရွေးချယ်ခဲ့ပြီး ၂ ပွဲ ကစားပေးခဲ့ပြီး ဖြစ်ပါတယ်။

အီရတ် ယူ-၂၃ အသင်းအတွက်လည်း ကစားပေးခဲ့ဖူးတဲ့ ဇီဒန်းအစ်ဘယ်ဟာ ၂၀၁၉ ခုနှစ်ကတည်းက မန်ယူအသင်း အကယ်ဒမီကို စတင်ရောက်ရှိခဲ့သူပါ။

အစ်ဘယ်ဟာ ပြီးခဲ့တဲ့ရာသီက ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲပြီးခါနီးအချိန် လူစားဝင်ကစားခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကစားဖူးတဲ့ ပထမဆုံး ဗြိတိသျှ-တောင်အာရှသားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

12 mins Ago

May 3, 2020

၂ နှစ်၊ ၃ နှစ်အတွင်း ဂရင်းဝုဒ် ပိုကောင်းလာမည်ဟု အီဂါလို သုံးသပ်

မန်ယူနိုက်တက် လူငယ် တိုက်စစ်မှူး မေဆန်ဂရင်းဝုဒ်ဟာ လာမယ့် ၂ နှစ်၊ ၃ နှစ်အတွင်းမှာ ပိုမိုကောင်းမွန်လာမယ်လို့ တိုက်စစ်မှူး အီဂါလိုက သုံးသပ်လိုက်ပါတယ်။  မန်ယူအကယ်ဒမီအသင်းကနေ ထွက်ပေါ်လာတဲ့ ဂရင်းဝုဒ်ဟာ အသက် ၁၈ နှစ်ပဲ ရှိသေးပေမယ့် အသင်းကြီးမှာ ၃၆ ပွဲအထိ ကစားထားပြီး ၁၂ ဂိုး သွင်းယူထားတာပါ။  ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာတဲ့ တိုက်စစ်မှူး အီဂါလိုကတော့ အသင်းဖော် ဂရင်းဝုဒ်ဟာ ငယ်ရွယ်ပေမယ့် ဘယ်ခြေရော ညာခြေနဲ့ပါ ဂိုးသွင်းယူနိုင်တာကြောင့် အလွန်စိတ်လူပ်ရှားစရာကောင်းတဲ့ ကစားသမားဖြစ်ပြီး နောက်ထပ်  ၂ နှစ်၊ ၃ နှစ်အတွင်း ပိုကောင်းမွန်လာလိမ့်မယ်လို့ ချီးကျူးပါတယ်။  အင်္ဂလန်လူငယ်လက်ရွေးစင် ဂရင်းဝုဒ်ဟာ လူငယ်အသင်းမှာ ကစားစဉ်ကလည်း ပွဲ ၃၀ မှာ ၃၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် နည်းပြဆိုးလ်ရှားက အသင်းကြီးကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။  ဂရင်းဝုဒ်ဟာ လက်ရှိအချိန်မှာ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ရဲ့ နောက် အရန်ကစားသမားအဖြစ် ပွဲထွက်ကစားနေရပေမယ့် အနာဂတ်မှာ တောက်ပလာမယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။
2 years Ago
Up