close

မလေးရှားဝန်ကြီးချုပ်

close

May 9, 2023

မလေးရှားဝန်ကြီးချုပ်၏ အတ္ထုပ္ပတ္တိဇာတ်လမ်း ပြသ

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ သူ့ဘဝဇာတ်ကြောင်းနဲ့ နိုင်ငံရေးတိုက်ပွဲတွေကို ပုံဖော်ထားတဲ့ “အန်နဝါရဲ့ မပြောရသေးတဲ့ ဘဝဇာတ်လမ်း” ဇာတ်ကားအကြိုပြသပွဲကို မေ ၈ ရက်က တက်ရောက်ရင်း  အဂတိလိုက်စားမှုတိုက်ဖျက်ရေး ထပ်ပြီး ကတိပြုလိုက်ပါတယ်။

ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်တဲ့ အန်ဝါက ဆွေးနွေးမှုနဲ့ ဇာတ်ကြောင်းပြောဆိုမှုအားလုံးက ရာနှုန်းပြည့် အတိအကျမဟုတ်ပေမဲ့ ဒီဇာတ်လမ်းမှာ တင်ပြတဲ့ ပြဿနာတွေက တကယ့်ဖြစ်ရပ်မှန်တွေကို အခြေခံထားတယ်လို့ ပြောခဲ့ပါတယ်။

“ဒါက ပြောရမယ့်ဇာတ်လမ်းပါ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး တိုက်ပွဲ ဆက်ဖြစ်နေတယ်” လို့ မြို့တော် ကွာလာလမ်ပူမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အန်ဝါက ပြောပါတယ်။

အတ္ထုပ္ပတ္တိဇာတ်လမ်းနဲ့ ပတ်သက်ပြီး အန်ဝါက ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေရဲ့ ထူးကဲတဲ့ ကြိုးစားအားထုတ်မှုအတွက် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

သူ့ရဲ့မိသားစုနဲ့ သူငယ်ချင်းတွေအတွက် နာကျင်ဝမ်းနည်းရလွန်းလို့ တချို့ဇာတ်ဝင်ခန်းတွေကို မေ့ပစ်လိုက်ရတာ ပိုကောင်းတယ်လို့လည်း သူက ပြောခဲ့ပါတယ်။

ဇာတ်ကားအကြိုပြသပွဲကို အန်နဝါရဲ့ ဇနီးဖြစ်သူ ဝမ် အဇီဇာဝမ်အစ္စမေးလ်၊ ရုပ်ရှင်ဒါရိုက်တာ ဗီဗာ ဝက်စ်တီနဲ့ အဓိကသရုပ်ဆောင် ဖာရစ်ဒ် ကာမီးလ် ဇာဟာရီတို့လည်း တက်ရောက်ခဲ့ပါတယ်။

58 mins Ago

April 9, 2023

တရုတ်တနိုင်ငံတည်း မူဝါဒကို လက်ကိုင်ထားဟု မလေးရှားဝန်ကြီးချုပ်ပြော

မလေးရှားနိုင်ငံဟာ တင်းမာမှုတွေကိုတားဆီးဖို့ ကူညီပေးခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)ရဲ့ ကြားနေရပ်တည်ချက်ကို ထောက်ခံကြောင်းနဲ့ တရုတ်တနိုင်ငံတည်း မူဝါဒကို လက်ကိုင်ထားကြောင်း  မလေးရှားဝန်ကြီးချုပ် ဒါတွတ်ဆရီ အန်ဝါအီဘရာဟင်မ်က တရုတ်အစိုးရ မီဒီယာ CCTV နဲ့ သီးသန့်အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

အာဆီယံအဖွဲ့ဝင်တွေဟာ ဒေသတွင်း စစ်ရေးပြိုင်ဆိုင်မှုအတွက် အခြေစိုက်စခန်းဖြစ်လာမှာကို တားဆီးဖို့ လုပ်ဆောင်နေပြီး ဩစတြေးလျကို နျူကလီးယား ရေငုပ်သင်္ဘောအုပ်စုကို ဝယ်ယူဖို့ ခွင့်ပြုတဲ့ “AUKUS” (Australia-UK-U.S.) သဘောတူညီချက်ကိုလည်း စိုးရိမ်နေတယ်လို့ အန်ဝါကဆိုပါတယ်။

AUKUS ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဟာ ဒေသတွင်း စစ်ရေးတင်းမာမှုတွေကို ပိုဆိုးရွားလာစေပြီး တခြားနိုင်ငံတွေက ရန်စတယ်လို့ ယူဆနိုင်တာကြောင့် မလေးရှားဟာ AUKUS ကို အပြင်းအထန် ဆန့်ကျင်ကြောင်း အန်ဝါက ပြောပါတယ်။

“အာဆီယံဖွဲ့စည်းပုံကာလက လွတ်လပ်ရေး လိုအပ်တယ်။ ကြားနေရေး လိုအပ်တယ်။ အထူးသဖြင့် တင်းမာမှုတွေကို ရှောင်ရှားဖို့ စစ်အေးခေတ်ကာလမှာ အလေးပေးရမယ်” လို့ အန်ဝါက ပြောပါတယ်။ 

မလေးရှားဟာ တရုတ်တပြည်တည်း မူဝါဒကို အလေးထားကြောင်းနဲ့ နိုင်ငံတွေရဲ့ ပိုင်နက်နယ်မြေ ဂုဏ်သိက္ခာကို မေးခွန်းထုတ်ခြင်း မပြုသင့်ကြောင်းလည်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ် က စီစီတီဗီနဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောကြားသွားပါတယ်။ 

1 month Ago
Up