close

မလှိုင်

close

November 22, 2021

မိတ္ထီလာမြို့နှင့် မလှိုင်မြို့တို့တွင် လူနေအိမ်အချို့ မီးလောင်

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ  နိုဝင်ဘာ ၂၂ ရက် ဒီနေ့မနက်က နန်းတော်ကုန်းရပ်ကွက် သာယာကုန်းနယ်မြေမှာ  လူနေ နှစ်ထပ်အိမ်တစ်လုံး မီးလောင်ခဲ့ပါတယ်။

မိတ္ထီလာမြို့ခံတစ်ဦးက "မနက်အစောက မိတ္ထီလာမှာ ဖယောင်းတိုင် မီးထွန်းထားတာက ထရံနဲ့နီးတော့ ထရံကိုမီးစွဲပြီး မီးလောင်တာလို့ သိရတယ် လူနေနှစ်ထပ်အိမ်တစ်လုံး မီးလောင်သွားတယ်"လို့ ပြောပါတယ်။

အဆိုပါမီးလောင်မှုနဲ့ ပတ်သက်ပြီး အိမ်ရှင်  ဦးအောင်သောင်းကို မီးပေါ့ဆမှုနဲ့ မိတ္ထီလာ မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

မန္တလေးတိုင်း၊ မလှိုင်မြို့မှာလည်း  နိုဝင်ဘာ ၂၁ ရက်က  အမှတ်(၂)ရပ်ကွက် နယ်မြေ(၁၀) ရှိ မြို့နယ်လမ်းဦးစီးဌာနဝင်း အတွင်း လူနေအိမ်တစ်လုံး မီးလောင်ခဲ့ပါတယ်။ 

မလှိုင်မြို့ခံတစ်ဦးက "မလှိုင်မြို့နယ်လမ်းဦးစီးဌာန ဝင်းထဲမှာ မီးလောင်တာ အင်ဂျင်နီယာ တစ်ဦးနေတဲ့အိမ်ပါ။ လျှပ်စစ်ပလပ်ခုံ အပူလွန်ကဲပြီး မီးလောင်တယ်ဆိုတာ သိရတယ်"လို့ ပြောပါတယ်။

မလှိုင်မြို့နယ် လမ်းဦးစီးဌာနဝင်းရှိ  အငယ်တန်းအင်ဂျင်နီယာ ဦညီညီအောင်နေထိုင်တဲ့ သွပ်မိုးထရံကာနေအိမ်တစ်လုံး မီးလောင်ခဲ့တဲ့အတွက်  ဦးညီညီအောင်ကို မလှိုင်မြို့မရဲစခန်းမှာ မီးပေါ့ဆမှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မီးလောင်မှု  ၂ခုလုံးမှာ လူနေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ပေမယ့် လူနဲ့တိရစ္ဆာန်တွေ ထိခိုက်မှု မရှိခဲ့ပါဘူး။

14 mins Ago

June 29, 2021

မလှိုင်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦး ထပ်တွေ့

မလှိုင်မြို့မှာ ကိုဗစ်-၁၉ သံသယ ၃ ဦးအား RDT test kit နဲ့ စစ်ဆေးရာမှာ ကိုဗစ်ပိုးမတွေ့ဘဲ ဓာတ်ခွဲအတည်ပြုရာမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း မလှိုင်မြို့ အမှတ် (၁) ရပ်ကွက် နယ်မြေ (၆) မှာ ကလောမြို့က ပြန်လာပြီး ဖျားလာတာကြောင့် ကိုဗစ်စစ်ဆေးရာ ၃ ဦး ကိုဗစ်ပိုးတွေ့ခဲ့ပါတယ်။

ထိတွေ့ဆက်စပ်သူ ၆ဦးကို RDT test kit နဲ့စစ်ဆေးရာ ၃ ဦးထပ်တွေ့ပြီး ကျန် ၃ ဦးကတော့ ပိုးမတွေ့ရဘဲ ဇွန် ၂၈ ရက်နေ့က မန္တလေးမှာ ဓာတ်ခွဲအတည်ပြုမှ ကိုဗစ်ပိုးတွေ့ခဲ့တာကြောင့် မလှိူင်ဆေးရုံ သီးသန့်အဆောင်မှာ ထားရှိ ဆေးကုသနေတယ်လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“ကလောက ပြန်လာသူအပါ ထိတွေ့ဆက်စပ်ကူးစက်မှုကတော့ မလှိုင် အမှတ် (၁) ရပ်ကွက်မှာပဲ ကိုဗစ်ပိုးတွေ့သူ ၉ ဦး ဖြစ်သွားတယ်” လို့ ပြောပါတယ်။

မိတ္ထီလာခရိုင်ထဲမှာ ဝမ်းတွင်းက ၅ ဦး၊ သာစည် ၂ ဦး၊ မိတ္ထီလာ ၈ ဦး၊ မလှိုင် ၉ ဦး၊ စုစုပေါင်းပေါင်း ၂၄ ဦး ကိုဗစ်-၁၉ ကူးစက်ခံရပြီး ဆေးကုသမှု ခံယူနေကြတယ်လို့ သိရပါတယ်။

5 months Ago
Up