close

မာတင်နယ်လီ

close

April 15, 2023

မာတင်နယ်လီ တိုးတက်ရန် လိုအပ်နေဟု အာဆင်နယ်နည်းပြအာတေတာ သုံးသပ်

ဘရာဇီးတောင်ပံတိုက်စစ်မှူးမာတင်နယ်လီဟာ တိုးတက်ဖို့ လိုအပ်နေတဲ့အရာတွေရှိနေဆဲဖြစ် ကြောင်း နည်းပြအာတေတာက ပြောပါတယ်။

မာတင်နယ်လီဟာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၄ ဂိုးသွင်းပေးထားပြီး အသင်းမှာ ဂိုးအများသွင်းယူနိုင်တဲ့ဆုံးကစားသမားဖြစ်ပါတယ်။

မာတင်နယ်လီဟာ အကောင်းဆုံးကစားသမားဖြစ်ဖို့ အမြဲတမ်းကြိုးပမ်းနေသူဖြစ်လို့ ကောင်း မွန်တဲ့အရာတွေပဲသူ့ဆီကနေရရှိမယ်ဆိုတာ မထူးဆန်းကြောင်း၊ ဒါပေမဲ့ အကောင်းဆုံးကစားသမား ဖြစ်ဖို့အတွက်တော့ တိုးတက်လာဖို့ လိုအပ်နေတဲ့အရာတွေရှိနေဆဲဖြစ်ကြောင်း နည်းပြ အာတေတာက ပြောပါတယ်။

ဝက်စ်ဟမ်းနည်းပြဖြစ်သူ ဆရာဟောင်း မိုယက်စ်ဆီကလည်း သင်ယူစရာတွေရရှိခဲ့တယ်လို့ အာတေတာ ကပြောသွားပါတယ်။

2 hours Ago

January 17, 2023

လက်ဆွဲနှုတ်ဆက်ရန် ငြင်းဆန်ခဲ့သည့်အပေါ် မာတင်နယ်လီကို တောင်းပန်ကြောင်း ရစ်ချာလီဆန် ပြော

လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့တဲ့အပေါ် မာတင်နယ်လီကို တောင်းပန်ကြောင်း စပါးတိုက်စစ်မှူး ရစ်ချာလီဆန်က ပြောသွားပါတယ်။

အာဆင်နယ်က စပါးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ မာတင်နယ်လီက ထောင့်ကန်ဘောကန်ဖို့ ပြင်ဆင်နေရင်း သွေးပူလေ့ကျင့်ခန်းလုပ်နေတဲ့ ရစ်ချာလီဆန်ကို လက်ဆွဲနှုတ်ဆက်ဖို့ ကမ်းလှမ်းခဲ့တာပါ။

ဒါပေမဲ့ မာတင်နယ်လီရဲ့ ကမ်းလှမ်းမှုကို ရစ်ချာလီဆန်က လက်မခံခဲ့ဘဲ ဟန်ဆောင်လှဲချတာတွေ များတာကြောင့်လို့ ပြောပါတယ်။

“မာတင်နယ်လီကို တောင်းပန်ချင်ပါတယ်။ ဟန်ဆောင်လှဲချတာတွေ များနေလို့ လက်ဆွဲနှုတ်ဆက်တာ မလုပ်နိုင်ဘူးလို့ သူ့ကို ပြောခဲ့တာပါ။ ကျနော် အမှန်တကယ် မနှစ်သက်တာက သူတို့အသင်း ဂိုးသမားက ကျနော်တို့ပရိသတ်တွေရဲ့ရှေ့မှာ အောင်ပွဲခံခဲ့လို့ပါ။ ဒါက လေးစားမှုမရှိတဲ့လုပ်ရပ်ဖြစ်တယ်” လို့ ရစ်ချာလီဆန်က ပြောပါတယ်။

ရစ်ချာလီဆန်ဟာ သွေးပူလေ့ကျင့်ခန်းလုပ်နေစဉ်မှာ အာဆင်နယ်နောက်ခံလူ တိုမီယာဆုနဲ့လည်း အချေအတင် ဖြစ်ခဲ့ပါသေးတယ်။

3 months Ago
Up