close

မာတင်နယ်လီ တိုးတက်ရန် လိုအပ်နေဟု အာဆင်နယ်နည်းပြအာတေတာ သုံးသပ်

ဘရာဇီးတောင်ပံတိုက်စစ်မှူးမာတင်နယ်လီဟာ တိုးတက်ဖို့ လိုအပ်နေတဲ့အရာတွေရှိနေဆဲဖြစ် ကြောင်း နည်းပြအာတေတာက ပြောပါတယ်။

မာတင်နယ်လီဟာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၄ ဂိုးသွင်းပေးထားပြီး အသင်းမှာ ဂိုးအများသွင်းယူနိုင်တဲ့ဆုံးကစားသမားဖြစ်ပါတယ်။

မာတင်နယ်လီဟာ အကောင်းဆုံးကစားသမားဖြစ်ဖို့ အမြဲတမ်းကြိုးပမ်းနေသူဖြစ်လို့ ကောင်း မွန်တဲ့အရာတွေပဲသူ့ဆီကနေရရှိမယ်ဆိုတာ မထူးဆန်းကြောင်း၊ ဒါပေမဲ့ အကောင်းဆုံးကစားသမား ဖြစ်ဖို့အတွက်တော့ တိုးတက်လာဖို့ လိုအပ်နေတဲ့အရာတွေရှိနေဆဲဖြစ်ကြောင်း နည်းပြ အာတေတာက ပြောပါတယ်။

ဝက်စ်ဟမ်းနည်းပြဖြစ်သူ ဆရာဟောင်း မိုယက်စ်ဆီကလည်း သင်ယူစရာတွေရရှိခဲ့တယ်လို့ အာတေတာ ကပြောသွားပါတယ်။

Up