close

မာနေ

close

February 9, 2022

အရေးပေါ်လူနာတဦး၏ ဆေးရုံစရိတ် ဆီနီဂေါတိုက်စစ်မှူး မာနေး ကူညီပေး

ဆီနီဂေါတိုက်စစ်မှူးမာနေးဟာ အာဖရိကဖလားပြိုင်ပွဲကာလအတွင်း ဆေးရုံတက်ရောက်ခဲ့ရာမှာ အရေးပေါ်လူနာ တစ်ဦးရဲ့ဆေးရုံစရိတ်ကို ကူညီခဲ့ပါတယ်။ 

မာနေးဟာ ကိတ်ဗာဒီနဲ့ ရှုံးထွက်အဆင့်ပွဲစဉ်မှာ ပြိုင်ဘက်ဂိုးသမားနဲ့ ယှဉ်အလုမှာ ဦးခေါင်းဒဏ်ရာရခဲ့တာကြောင့် အိမ်ရှင်ကင်မရွန်းနိုင်ငံက ဆေးရုံမှာ သွားရောက်ကုသခဲ့ရတာပါ။ 

မာနေးဟာ ဆေးရုံတက်ခဲ့ရတဲ့ ခဏတာကာလအတွင်းမှာပဲ အသက်အန္တရာယ်ရှိတဲ့အထိ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကင်းမရွန်းလူနာကောင်လေးတစ်ဦးအတွက် ဆေးကုသစရိတ်လှူဒါန်းခဲ့တာပါ။ 

အဆိုပါလူနာဟာ ဆေးကုသစရိတ်အနေနဲ့ ဗဟိုအာဖရိက ငွေကြေး ဖရန့် ၄ သိန်းကုန်ကျခဲ့ပြီး စရိတ်မတက်နိုင်ခဲ့တာကြောင့် မာနေးက ကူညီလှူဒါန်းပေးခဲ့တာပါ။ 

မာနေးကူညီခဲ့တဲ့ လူနာကောင်လေးဟာ ဆိုင်ကယ်တိုက်မှုကြောင့် အရိုးကျိုးခဲ့ပြီး ခန္ဓာကိုယ်မှာလည်း ဒဏ်ရာအများအပြား ရခဲ့တာလို့ သိရပါတယ်။ 

မာနေးဟာ ဆေးရုံက ဆင်းပြီးနောက် အီကွယ်တိုရီယာဂွါနီယာနဲ့ ကွာတားဖိုင်နယ်ပွဲကို ဆက်လက်ကစားခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်။ 

အဲဒီနောက် ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေမှာလည်း အနိုင်ရခဲ့ပြီး ဆီနီဂေါအသင်းကို ပထမဆုံး အကြိမ် အာဖရိက ချန်ပီယံဖြစ်အောင်ကူညီပေးနိုင်ခဲ့ပါတယ်။ 

လီဗာပူးတိုက်စစ်မှူး မာနေးဟာ သူ့ရဲ့မွေးရပ်မြေ ဆီနီဂေါမှာလည်း ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေအတွက် လှူဒါန်းပေးမှုကြောင့် အများရဲ့ချီးကျူးမှုခံခဲ့ရပါတယ်။

13 mins Ago

October 17, 2020

ကိုဗစ်ရောဂါ သက်သာလာသည့် မာနေးနှင့် သီယာဂိုတို့ မာဆေးဆိုဒ်ဒါဘီပွဲစဉ်တွင် ပါဝင်မည်

အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီပွဲစဉ်မှာ ကိုဗစ်-၁၉ ရောဂါကနေ သက်သာလာခဲ့တဲ့ မာနေးနဲ့ သီယာဂို အယ်ကန်တာရာတို့ ပြန်လည်ကစားနိုင်မယ်လို့ သိရပါတယ်။  လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်ကိုယ်တိုင် အတည်ပြုခဲ့ပြီး သူတို့ ၂ ဦးစလုံး လေ့ကျင့်ခန်း ပြန်ဆင်းနေပြီလို့ ပြောပါတယ်။  လွန်ခဲ့တဲ့ ၅ ရက်၊ ၆ ရက်လောက်ကတည်းက လေ့ကျင့်ခန်းပြန်ဆင်းနေပြီး အဲဗာတန်နဲ့ ပွဲစဉ်အတွက် ၂ ဦးလုံး အဆင်သင့်ဖြစ်နေတယ်လို့ ကလော့ပ်က ပြောပါတယ်။  ကြံ့ခိုင်မှုအခြေအနေအရပ်ရပ်ကို စောင့်ကြည့်ရမှာဖြစ်ပေမဲ့ ၂ ဦးလုံးက အမှန်တကယ် အကောင်းဆုံးအနေအထား ရောက်နေတယ်လို့ ဂျာဂန်ကလော့ပ်က အတည်ပြုခဲ့ပါတယ်။  လီဗာပူးအသင်းဟာ ပွဲစဉ် ၄ မှာ အက်စ်တွန်ဗီလာကို ၇ ဂိုး ၂ ဂိုးနဲ့ရူံးနိမ့်ခဲ့ပြီး အောက်တိုဘာ ၁၇ ရက်နေ့ ကစားရမယ့် အဲဗာတန်နဲ့ပွဲစဉ်မှာ နိုင်ပွဲပြန်ရဖို့ လိုအပ်နေပါတယ်။
1 year Ago
Up