close

မိတ္ထီလာမြို့

close

September 21, 2021

မိတ္ထီလာမြို့တွင် စစ်ကောင်စီသတင်းပေး ၁ ဦး အသတ်ခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်ကောင်စီသတင်းပေးတစ်ယောက်ကို စက်တင်ဘာ ၂၀ ရက် ည ၁၂ နာရီလောက်မှာ  ရှင်းလင်းသုတ်သင် အလောင်းဖျောက်လိုက်တယ်လို့  မင်းညီနောင် ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

"ပြည်သူတွေ တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးခံနေရတာ ဒီကောင့်ကြောင့်ဆိုတာ သိရပြီးနောက်၊ အခုလို သုတ်သင်လိုက်ရတာပါပဲ။ မိတ္ထီလာမြေပြင်အခြေအနေရ လုပ်ရကိုင်ရတာ နည်းနည်းခက်တော့  နေရပ်လိပ်စာတွေတော့ ဖော်ပြတော့ပါဘူး။ ပတ်ဝန်းကျင်လည်း ထိခိုက်နိုင်လို့ ပါ''လို့ မင်းညီနောင်ပြောက်ကျားတပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သုတ်သင်ခံရသူဟာ သတင်းပေးဒလန် ခင်မောင်ရွှေလို့သိရပြီး သူ့ကြောင့် ပြည်သူတချို့ ဖမ်းဆီးခံခဲ့ရတာ အတိအကျသိထားလို့ သုတ်သင်တာလို့လည်း ဆိုပါတယ်။

မင်းညီနောင်ပြောက်ကျားတပ်အနေနဲ့ စစ်ကောင်စီသတင်းပေး ၅ ဦးကို ရှင်းပြီးသွားပြီ ဖြစ်ပြီး၊ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်လာပြီဆိုရင်တော့ ဒလန်၊ ပျူစောထီး နဲ့ စစ်ကောင်စီတပ်သားတွေကို  အမြန်ဆုံးနည်းနဲ့ လက်စဖျောက်မယ်လို့ ပြောပါတယ်။

59 seconds Ago

September 5, 2021

မိတ္ထီလာမြို့ရှိ မိုင်တဲလ်ဆက်သွယ်ရေး တာဝါတိုင် မီးရှို့ခံရ

မန္တလေးတိုင်း မိတ္ထီလာမြို့ ရှောင်လမ်းပေါ်မှာရှိတဲ့ မိုင်တဲလ်ဆက်သွယ်ရေး တာဝါတိုင် စက်တင်ဘာ ၅ ရက် မနက်ပိုင်းက မီးရှို့ခံရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။  

တာဝါတိုင်ဟာ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က မိတ္ထီလာမြို့ရှောင်လမ်း မိုင်တိုင် ၃၁၄/၅ ရှိနေတာပါ။

“လူခြေတိတ်ချိန် ည ၁ နာရီလောက်မှာ ဖြစ်တာတဲ့။ ဒေသခံတွေက ဘာမှမသိလိုက်ဘူး။ မနက်တာဝါတိုင်ကို ရဲတွေနဲ့တာဝန်ရှိသူတွေ လာမှသိတာ။ အတွင်းထဲက ပစ္စည်းတွေ တော်တော်ပျက်သွားတယ်လို့ ပြောကြတယ်”လို့ ဒေသခံက ဆိုပါတယ်။

အဲဒီတာဝါတိုင်မှာ တာလီနောဆက်သွယ်ရေးကလည်း အငှားတပ်ဆင်ထားတယ်လို့ သိရပြီး ဘယ်သူတွေ မီးရှို့တယ်ဆိုတာ မသိရသေးပါဘူး။

2 weeks Ago
Up