မန်ယူအသင်းရဲ့ ကစားသမားဟောင်းလည်းဖြစ်၊ နည်းပြဟောင်းလည်းဖြစ်ခဲ့ဖူးသူ မိုက်ကယ်ကာရစ်ဟာ မစ်ဒယ်ဘရော့အသင်းကို တာဝန်ယူကိုင်တွယ်တော့မှာပါ။
မန်ယူအသင်းဟာ နည်းပြဆိုးလ်ရှားနဲ့ လမ်းခွဲခဲ့ပြီးနောက် ကာရစ်ကိုယာယီနည်းပြချုပ်အနေနဲ့ သုံးပွဲကိုင်တွယ်စေခဲ့တာပါ။ အဲဒီနောက် နည်းပြရက်ဖ်ရင်းနစ်ခ်တာဝန်ယူချိန်မှာ အသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။
ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းဟာ နည်းပြခရစ္စဝဲလ်ဒါကို ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းက ထုတ်ပယ်ခဲ့ပြီး နည်းပြလီယိုပါကိုဗစ်ချ်က ယာယီနည်းပြအနေနဲ့ တာဝန်ယူလာခဲ့တာပါ။
ချန်ပီယံရှစ်ပွဲစဉ် ၁၅ ကစားအပြီးမှာ ၄ ပွဲနိုင် ၄ ပွဲသရေ၊ ၇ ပွဲရှုံးခဲ့တဲ့ မစ်ဒယ်ဘရော့ဟာ အဆင့်၂၀ မှာရပ်တည်နေတာပါ။
ကာရစ်ဟာ မန်ယူအသင်းမှာလက်တွဲခဲ့တဲ့ နည်းပြ မိုက်ဖီလန်နဲ့ မူလန်စတင်း တို့ကို သူ့ရဲ့နည်းပြအဖွဲ့မှာပါဝင်ဖို့ ဆန္ဒရှိနေပြီး မကြာခင်မှာတရားဝင်သတင်းထုတ်ပြန်သွားဖို့ရှိနေပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်း ရလဒ်ကောင်းဖို့အတွက် ဘယ်လိုကစားရမလဲဆိုတာ ကိုယ် ပိုင်အိုင်ဒီယာ ရှင်းရှင်းလင်းလင်း ရှိတယ်လို့ နည်းပြကာရစ်က ပြောပါတယ်။
ကာရစ်ဟာ နည်းပြ ဆိုးလ်ရှား ထွက်ခွာသွားပြီးနောက် ယာယီနည်းပြအနေနဲ့ ပွဲစဉ်တချို့ကို ကိုင်တွယ်ခွင့်ရတော့မှာဖြစ်ပါတယ်။
ကာရစ်ဟာ သူ့ရဲ့ ပထမဆုံးနည်းပြအဖြစ်တာဝန်ယူမယ့်ပွဲစဉ်အနေနဲ့ ဗီလာရီးရဲလ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ် ကစားသွားရမှာပါ။
နည်းပြဆိုးလ်ရှားရဲ့ ဘောလုံးဒဿနနဲ့ ဆင်တူမှုရှိတာကြောင့် ၃ နှစ်လောက်အတူ လက်တွဲလာခဲ့တာဖြစ်ပေမယ့်လည်း ကိုယ်ပိုင်ဘောလုံးဒဿနလည်းရှိကြောင်း ကာရစ်က ပြောပါတယ်။
“ကျနော် ကစားစေမယ့် အစီအစဉ်က ဘယ်လိုလဲဆိုတာ အများကြီးတော့ မပြောချင်ဘူး။ ဒါပေမဲ့ ကျနော်တို့ ဘယ်လို ကစားချင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်စိတ်ကူးရှင်းရှင်းလင်းလင်းရှိပါတယ်” လို့ နည်းပြ မိုက်ကယ်ကာရစ်က ပြောပါတယ်။
နည်းပြ ဆိုးလ်ရှားနဲ့ လမ်းခွဲခဲ့ရတဲ့အပေါ်မှာ စိတ်မကောင်းဖြစ်မိပေမယ့် ကစားသမားတွေအနေနဲ့ကတော့ စိတ်ပိုင်းဆိုင်ရာကို ပြုပြင်ပြောင်းသွားဖို့ လိုအပ်တယ်လို့ ကာရစ်က မှတ်ချက်ပေးခဲ့ပါတယ်။