close

မိုရာတာ

close

December 29, 2022

တိုက်စစ်မှူးသစ် ရှာဖွေနေသည့် မန်ယူအသင်း မိုရာတာကို အငှားခေါ်ယူရန် စီစဉ်

မန်ယူအသင်းဟာ တိုက်စစ်မှူးနေရာအတွက် အက်သလက်တီကိုက မိုရာတာ ကိုခေါ်ယူဖို့ စီစဉ်လာပါတယ်။

ယူနိုက်တက်နည်းပြ တန်ဟတ်ဂ်ဟာ ပီအက်စ်ဗွီ တိုက်စစ်မှူး ကိုဒီဂတ်ပို ကို ခေါ်ယူခွင့် လက်လွှတ်ဆုံးရှုံးခဲ့ရတာကို စိတ်ပျက်လက်ပျက်ဖြစ်နေတယ်လို့ ESPN သတင်းမှာ ‌ဖော်ပြပါတယ်။

ဂတ်ပို ကိုခေါ်ယူခွင့်မရ ဖြစ်ခဲ့ပြီးနောက်မှာ အက်လက်တီကိုက စပိန်တိုက်စစ်မှူး မိုရာတာဘက်ကို အငှားစာချုပ်နဲ့ ရေတိုဖြေရှင်းဖို့ မန်ယူအသင်းက ပြင်ဆင်လာခဲ့တာပါ။

အသက် ၃၀ နှစ်ရှိ မိုရာတာဟာ ချဲလ်ဆီးအသင်းမှာ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ပြောင်းရွှေ့ ကစားခဲ့ဖူးပြီး စုစုပေါင်း ၇၂ ပွဲမှာ ၂၄ ဂိုးသွင်းယူခဲ့ပါတယ်။ မိုရာတာဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာလည်း သုံးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

7 mins Ago

November 24, 2020

တိုက်စစ်မှူး ၃ ဦးကို ပထမဆုံးအကြိမ် တပြိုင်နက် အသုံးပြုချင်ကြောင်း ဂျူဗင်တပ်စ်နည်းပြ ပြော

ဟန်ဂေရီချန်ပီယံ ဖာရန်ဗားရို့စ်အသင်းနဲ့ကစားရမယ့်ပွဲစဉ်ဟာ စီရော်နယ်ဒို၊ ဒီဘားလားနဲ့ မိုရာတာတို့ တိုက်စစ်မှူး ၃ ဦး ပထမဆုံးအကြိမ် အတူကစားရမယ့်ပွဲ ဖြစ်တယ်လို့ ဂျူဗင်တပ်စ် နည်းပြ ပီယာလိုက ပြောပါတယ်။  ဂျူဗင်တပ်စ်အသင်းဟာ နိုဝင်ဘာ ၂၄ ရက်မှာ ပထမအကျော့တုန်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဖာရန်ဗားရို့စ်နဲ့ အိမ်ကွင်းမှာ ပြန်လည်ယှဉ်ပြိုင်ရမှာပါ။  ပထမအကျော့က ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ဒီပွဲမှာတော့ ပုံစံတစ်မျိုးနဲ့ ချဉ်းကပ်ကစားနိုင်ဖို့ လိုပြီး ခက်ခဲတဲ့ပွဲ ဖြစ်လာလိမ့်မယ်လို့ နည်းပြ ပီယာလိုက ပြောပါတယ်။  အသင်းတိုက်စစ်ပိုင်းမှာတော့ အခုနှစ်ရာသီမှာ အဓိကတိုက်စစ်မှူး ၃ ဦးစလုံး ပါဝင်ကစားမယ့် ပထမဆုံးပွဲ ဖြစ်လာလိမ့်မယ်လို့ ပီယာလိုက ပြောပါတယ်။  ဂျူဗင်တပ်စ် တိုက်စစ်မှာ စီရော်နယ်ဒို၊ ဒီဘားလားနဲ့ ကစားသမားသစ် မိုရာတာတို့ ၃ ဦး အတူတွဲဖက် ကစားရခြင်း မရှိသေးတာ ဖြစ်ပါတယ်။
2 years Ago
Up