တိုက်စစ်မှူးသစ် ရှာဖွေနေသည့် မန်ယူအသင်း မိုရာတာကို အငှားခေါ်ယူရန် စီစဉ်

မန်ယူအသင်းဟာ တိုက်စစ်မှူးနေရာအတွက် အက်သလက်တီကိုက မိုရာတာ ကိုခေါ်ယူဖို့ စီစဉ်လာပါတယ်။
ယူနိုက်တက်နည်းပြ တန်ဟတ်ဂ်ဟာ ပီအက်စ်ဗွီ တိုက်စစ်မှူး ကိုဒီဂတ်ပို ကို ခေါ်ယူခွင့် လက်လွှတ်ဆုံးရှုံးခဲ့ရတာကို စိတ်ပျက်လက်ပျက်ဖြစ်နေတယ်လို့ ESPN သတင်းမှာ ဖော်ပြပါတယ်။
ဂတ်ပို ကိုခေါ်ယူခွင့်မရ ဖြစ်ခဲ့ပြီးနောက်မှာ အက်လက်တီကိုက စပိန်တိုက်စစ်မှူး မိုရာတာဘက်ကို အငှားစာချုပ်နဲ့ ရေတိုဖြေရှင်းဖို့ မန်ယူအသင်းက ပြင်ဆင်လာခဲ့တာပါ။
အသက် ၃၀ နှစ်ရှိ မိုရာတာဟာ ချဲလ်ဆီးအသင်းမှာ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ပြောင်းရွှေ့ ကစားခဲ့ဖူးပြီး စုစုပေါင်း ၇၂ ပွဲမှာ ၂၄ ဂိုးသွင်းယူခဲ့ပါတယ်။ မိုရာတာဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာလည်း သုံးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။