close

မိုးကြိုးပစ်ခံရမှု

close

August 21, 2021

ရေးမြို့နယ်၌ ခြံစောင့်မိသားစု မိုးကြိုးပစ်ခံရ၊ ၁ ဦး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်  နှစ်ကရင်ကျေးရွာနဲ့ ဝယ်ဖယ်ကျေးရွာအနီး ခြံစောင့်မိသားစုတစု အိပ်ပျော်နေစဉ် သြဂုတ် ၂၁ ရက် မနက် ၃ နာရီလောက်က မိုးကြိုးပစ်ခံရပြီး တစ်ဦးသေဆုံးသွားပါတယ်။

မိုးကြိုးပစ်ခံရပြီးနောက် ဖခင်ဖြစ်သူဟာ တစ်နာရီလောက်အကြာမှ သတိပြန်လည်ရရှိပြီး ဇနီးသည်နဲ့ သမီးနှစ်ဦးကို လှုပ်နှိုးကြည့်ရာ သမီးကြီးမှာ သေဆုံးနေတာကို တွေ့ရှိရတယ်လို့ ဒေသခံက ပြောပါတယ်။

မိုးကြိုးပစ်ခံရတဲ့ မိသားစုဝင်ထဲက ကျန်တဲ့  ၃ ဦးမှာ  ဒဏ်ရာတချို့ရရှိပြီး  ဆေးကုသနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုးများတဲ့ အရပ်ဒေသတွေဖြစ်တဲ့ မြန်မာနိုင်ငံတောင်ပိုင်း၊  အောက်ပိုင်းနဲ့ အလယ်ပိုင်း အရပ်ဒေသတွေမှာ  မိုးကြိုးထိမှန်ပြီး သေဆုံးသူတွေက နှစ်စဉ် ဒါဇင်နဲ့ ချီရှိတယ်လို့ သိရပါတယ်။

မိုးကြိုးပစ်နိုင်ခြေ ရှိမယ့် နေရာတွေမှာ  ဖုန်းသုံးစွဲတာတွေ မပြုလုပ်ဖို့၊  ကွင်းပြင်နေရာလိုမျိုး  ထက် အကာကွယ်ရှိမယ့် နေရာတွေမှာ နေထိုင်သင့်တယ်လို့ မိုးဇလပညာရှင်တွေက အကြံပြု ထားပါတယ်။

12 mins Ago

July 13, 2021

အိန္ဒိယတွင် ကလေးများအပါအဝင် လူ ၁၈ ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

အိန္ဒိယနိုင်ငံ၊ အနောက်မြောက်ပိုင်း၊ ရာဂျက်စသန်ပြည်နယ်မှာ ဇူလိုင် ၁၁ ရက်က မိုးကြိုးပစ်လို့ ကလေး ၇ ယောက် အပါအဝင် လူ ၁၈ ယောက်ထက် မနည်း သေဆုံးပြီး တခြား လူ ၁၆ ယောက် ဒဏ်ရာရတယ်လို့ ဒေသန္တရ အရာရှိတွေက ပြောပါတယ်။

သေဆုံးသူ ၁၁ ယောက်ဟာ ပြည်နယ်ရဲ့ မြို့တော် ဂျိုင်ပူရ်ရဲ့ မြို့စွန်က အာမာခံတပ်ကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ဖြစ်ပြီး သူတို့ရှိရာနေရာ နားက မျှော်စင်ကို မိုးကြိုးပစ်လို့ သေဆုံးတာလို့ ရိုက်တာ သတင်းဌာနကရေးပါတယ်။

 သေဆုံးသူ အများစုဟာ ပြည်တွင်းခရီးသည်တွေလို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။ ကယ်ဆယ်ရေးသမားတွေက မိုးကြိုးပစ်တဲ့ နေရာကို ဇူလိုင် ၁၂ ရက်မှာ စစ်တမ်းကောက်ခဲ့တယ်လို့ ရိုက်တာရဲ့ မိတ်ဖက် ANI သတင်းဌာနမှာဖော်ပြပါတယ်။

1 month Ago
Up