အိန္ဒိယတွင် ကလေးများအပါအဝင် လူ ၁၈ ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

အိန္ဒိယနိုင်ငံ၊ အနောက်မြောက်ပိုင်း၊ ရာဂျက်စသန်ပြည်နယ်မှာ ဇူလိုင် ၁၁ ရက်က မိုးကြိုးပစ်လို့ ကလေး ၇ ယောက် အပါအဝင် လူ ၁၈ ယောက်ထက် မနည်း သေဆုံးပြီး တခြား လူ ၁၆ ယောက် ဒဏ်ရာရတယ်လို့ ဒေသန္တရ အရာရှိတွေက ပြောပါတယ်။
သေဆုံးသူ ၁၁ ယောက်ဟာ ပြည်နယ်ရဲ့ မြို့တော် ဂျိုင်ပူရ်ရဲ့ မြို့စွန်က အာမာခံတပ်ကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ဖြစ်ပြီး သူတို့ရှိရာနေရာ နားက မျှော်စင်ကို မိုးကြိုးပစ်လို့ သေဆုံးတာလို့ ရိုက်တာ သတင်းဌာနကရေးပါတယ်။
သေဆုံးသူ အများစုဟာ ပြည်တွင်းခရီးသည်တွေလို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။ ကယ်ဆယ်ရေးသမားတွေက မိုးကြိုးပစ်တဲ့ နေရာကို ဇူလိုင် ၁၂ ရက်မှာ စစ်တမ်းကောက်ခဲ့တယ်လို့ ရိုက်တာရဲ့ မိတ်ဖက် ANI သတင်းဌာနမှာဖော်ပြပါတယ်။