close

မိုးကြီး မြေပြို

close

November 3, 2021

ကိုလံဘီယာတွင် မိုးကြီး မြေပြိုပြီး လူ ၁၂ ဦးထက်မနည်း သေဆုံး

ကိုလံဘီယာနိုင်ငံ၊ မယ်လာမာမြို့မှာ နိုဝင်ဘာ ၁ ရက်က မိုးကြီးပြီး မြေပြိုလို့ အိမ်အတော်များများ ပြိုကျအပြီး လူ ၁၂ ယောက်ထက်မနည်း သေဆုံးတယ်လို့ အရပ်ဘက်ကာကွယ်ရေးအရာရှိတွေက ပြောပါတယ်။

“နာရင်နိုစည်ပင်ဒေသ ကျေးလက်မြို့မှာ မိုးကြီးပြီး မြေပြိုတဲ့ အပျက်အစီးတွေအောက်ကနေ လူ ၁၁ ယောက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်။ လမ်းပြေတဲ့နားက အိမ်နှစ်လုံးမှာ နေကြတဲ့ လူနှစ်ယောက်က အသည်းအသန် အခြေအနေမှာ ရှိနေပြီး ဆေးကုသခံနေတယ်”လို့ အကူအညီပေးရေးအဖွဲ့အစည်းနဲ့ စည်ပင်အရာရှိတွေက ပြောပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးတွေကြားမှာ လူတွေကို ဆက်ရှာနေဆဲမို့ သေဆုံး ပျောက်ဆုံးသူ အရေအတွက် အတိအကျ မသိရသေးပါဘူး။

3 mins Ago

November 27, 2019

ကင်ညာနိုင်ငံတွင် မိုးကြီး မြေပြို၊ လူ ၅၆ ယောက်ထက်မနည်း သေဆုံး

ကင်ညာနိုင်ငံ အနောက်မြောက်ပိုင်းမှာ မကြုံစဖူး မိုးကြီးပြီး မြေပြိုလို့ နိုဝင်ဘာ ၂၆ ရက်အထိ စာရင်းအရ လူ ၅၆ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ သေဆုံးသူ အရေအတွက်ကို ဒေသန္တရ အထက်လွှတ်တော်အမတ်က အတည်ပြုခဲ့ပြီး ပျောက်ဆုံးသူ အရေအတွက် အတိအကျ မသိရသေးဘူးလို့လည်း ပြောပါတယ်။  နိုဝင်ဘာ ၂၂ ရက်ကစတဲ့ မိုးဟာ ကင်ညာနဲ့ ယူဂန်ဒါနယ်စပ်က ဝက်စ်ပိုကော့မြို့နယ်မှာ ညလုံးပေါက် ပိုသည်းလာခဲ့ပြီး နိုဝင်ဘာ ၂၃ ရက်မှာတော့ ရေကြီးပြီး ရွှံ့မြေတွေ ပြိုကျခဲ့လို့ တံတား လေးစင်း ရေထဲ မျောပါခဲ့ပါတယ်။ ဒါကြောင့် ရွာတွေနဲ့ လမ်းတွေ အဆက်အသွယ် ပြတ်တောက်ခဲ့ပါတယ်။ နောက်ထပ် သေဆုံးမှုတွေကို ဟန့်တားဖို့ စစ်တပ်နဲ့ ရဲ အပါအဝင် ကယ်ဆယ်ရေး အရာရှိတွေကို ကင်ညာသမ္မတက စနေနေ့မှာ တာဝန်ချထားခဲ့ပါတယ်။ ကင်ညာနိုင်ငံမှာ ခါတိုင်း မိုးရာသီထက် မိုးပိုခဲ့တယ်လို့ ကင်ညာ မိုးလေဝသဌာနက နိုဝင်ဘာ အစောပိုင်းမှာ ပြောပါတယ်။
2 years Ago
Up