ကိုလံဘီယာတွင် မိုးကြီး မြေပြိုပြီး လူ ၁၂ ဦးထက်မနည်း သေဆုံး

ကိုလံဘီယာနိုင်ငံ၊ မယ်လာမာမြို့မှာ နိုဝင်ဘာ ၁ ရက်က မိုးကြီးပြီး မြေပြိုလို့ အိမ်အတော်များများ ပြိုကျအပြီး လူ ၁၂ ယောက်ထက်မနည်း သေဆုံးတယ်လို့ အရပ်ဘက်ကာကွယ်ရေးအရာရှိတွေက ပြောပါတယ်။
“နာရင်နိုစည်ပင်ဒေသ ကျေးလက်မြို့မှာ မိုးကြီးပြီး မြေပြိုတဲ့ အပျက်အစီးတွေအောက်ကနေ လူ ၁၁ ယောက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်။ လမ်းပြေတဲ့နားက အိမ်နှစ်လုံးမှာ နေကြတဲ့ လူနှစ်ယောက်က အသည်းအသန် အခြေအနေမှာ ရှိနေပြီး ဆေးကုသခံနေတယ်”လို့ အကူအညီပေးရေးအဖွဲ့အစည်းနဲ့ စည်ပင်အရာရှိတွေက ပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးတွေကြားမှာ လူတွေကို ဆက်ရှာနေဆဲမို့ သေဆုံး ပျောက်ဆုံးသူ အရေအတွက် အတိအကျ မသိရသေးပါဘူး။