close

မိုးသီး

close

March 13, 2023

ထိုင်းနိုင်ငံမြောက်ပိုင်းခရိုင်အချို့တွင် မိုးသီးများကြွေကျ

ထိုင်းနိုင်ငံမြောက်ပိုင်း၊ နန့်ခရိုင်နဲ့ ချင်းမိုင်ခရိုင် အတွင်းက မြို့တချို့မှာ မတ်လ ၁၂ ရက်  ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး  မိုးသီးတွေကြွေကျခဲ့ပါတယ်။ 

နန့်ခရိုင်မှာဆိုရင် နန့်မြို့နယ်၊ ခွန်နန့်အုပ်စု၊ ဘန့်ပြိန်းဆော့၊ ဘန့်ဆကျွတ်၊ ဘန့်ဆကိန့် စတဲ့ရွာတွေမှာ မိုးသီးကျွေကျပြီး နန့်မြို့ တလတ်တို့ရုန့်ဈေးရှေ့ကလမ်းတွေ မိုးရေတိုက်စား ပျက်စီးခဲ့ပါတယ်။ 

ချင်းမိုင်ခရိုင်မှာတော့ အုမ်းကွယ်နဲ့ ဒွိုင်တော် စတဲ့မြို့နယ် ၂ ခုထဲမှာ မနေ့ ညနေ ၅ နာရီလောက်က မိုးရွာပြီး မိုးသီးတွေ ကြွေခဲ့ပါတယ်။ 

ထိုင်းမိုးဇလဌာနထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနဲ့ ဘန်ကောက်အနီးတဝိုက် စုစုပေါင်း ၃၃ ခရိုင်မှာ  မတ်လ ၁၄ ရက်နေ့ထိ မိုးရွာနိုင်ပြီး တချို့နေရာတွေမှာ မိုးကြီးလေကြီးရွာတာ၊ မိုးသီးကြွေတာ၊ လျှပ်စီးနဲ့ မိုးကြိုးပစ်တာတွေ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ 

7 mins Ago

April 18, 2022

မိုးကုတ်မြို့တွင် လေပြင်းတိုက်၊ မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးများကြွေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဧပြီ ၁၇ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းကာ မိုးသီးတွေ ကြွေကြခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ညနေ ၃ နာရီဝန်းကျင်ကနေ ညနေ ၅ နာရီဝန်းကျင်အထိ မိုးသီးကြွေ၊ မိုးရွာသွန်းခဲ့တယ်လို့သိရပါတယ်။

မိုးကုတ်မြို့ခံတယောက်က "မိုးတွေလည်းအရမ်းရွာတာ၊ မိုးသီးတွေလည်း လက်မလောက်ရှိတယ်။ လေပြင်းတွေလည်း တိုက်တယ်"လို့  ပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်တာကြောင့်  လမ်းဘေးဓာတ်တိုင်တွေနဲ့ သစ်ပင်တချို့လဲကာ လမ်းပိတ်တာမျိုးတွေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဧပြီ ၁၁ ရက်ကလည်း မိုးကုတ်မြို့မှာ မိုးသီး​ကြွေကာ မိုးရွာသွန်းမှုကြောင့် နေအိမ်တွေက သွပ်မိုးတွေ ပျက်စီးသွားခဲ့ပါတယ်။

11 months Ago
Up