close

မီကာရစ်ချက်

close

March 6, 2022

အင်္ဂလန်အသင်း ကမ္ဘာ့ဖလားမရနိုင်ဟု နဗီးလ်နှင့် မီကာရစ်ချက် သုံးသပ်

အင်္ဂလန်အသင်းဟာ အခုနှစ်အတွင်းကျင်းပမယ့် ကာတာကမ္ဘာ့ဖလားမှာ ချန်ပီယံဆုဖလား မရနိုင်ကြောင်း အင်္ဂလန်နောက်ခံလူဟောင်းတွေဖြစ်တဲ့ ဂယ်ရီနဗီးလ်နဲ့ မီကာရစ်ချက်တို့က မှတ်ချက်ပေးပါတယ်။ 

နဗီးလ်နဲ့ ရစ်ချက်တို့ဟာ အင်္ဂလန်အသင်း ကမ္ဘာ့ဖလားရနိုင်မလားဆိုတဲ့ ခေါင်းစဉ်နဲ့ LADbible ရုပ်သံမှာ ဆွေးနွေးသုံးသပ်ခဲ့ကြပါတယ်။ 

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတွေမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပေမယ့် အခုနှစ်ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်လောက်တဲ့အထိ မဖြစ်နိုင်သေးဘူးလို့ သုံးသပ်ပါတယ်။ 

ကမ္ဘာ့ဖလားချန်ပီယံဆုအတွက် ပြင်သစ်၊ ဂျာမနီ၊ စပိန်အသင်းတွေနဲ့အတူ ဘရာဇီး၊ အာဂျင်တီးနား၊ ဆီနီဂေါ အသင်းတွေက ပိုပြီးအလားအလာရှိတယ်လို့ နဗီးလ်က ပြောပါတယ်။ 

မီကာရစ်ချက်ကလည်း နဗီးလ်ရဲ့ သုံးသပ်ချက်ကို ထောက်ခံခဲ့ပြီး အင်္ဂလန်အသင်းချန်ပီယံဖြစ်ဖို့က နှစ်အတန်ကြာ စောင့်ဆိုင်းရနိုင်တယ်လို့ ပြောပါတယ်။ 

အင်္ဂလန်အသင်းလူစာရင်းမှာ ဆောက်သမ်တန်ကွင်းလယ်လူ ဝက်စ်ပရောက် ပါဝင်သင့်ပြီး ခြေစွမ်းကောင်းပေမယ့် လူတွေရဲ့ အသိအမှတ်ပြုမှု မရရှိသူဖြစ်တယ်လို့ နှစ်ဦးစလုံးက ချီးကျူးခဲ့ ပါတယ်။ 

21 seconds Ago

September 10, 2020

ပရီးမီးယားလိဂ်ချန်ပီယံဆု မန်စီးတီးရမည်ဟု မီကာရစ်ချက်ခန့်မှန်း

လာမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်း ချန်ပီယံဖြစ်လိမ့်မယ်လို့ အင်္ဂလန် နောက်ခံလူဟောင်း မီကာရစ်ချက်က ခန့်မှန်းလိုက်ပါတယ်။  ပရီးမီးယားလိဂ်ပြိုင်ပွဲစမခင်မှာ အင်္ဂလန်နဲ့မန်စီးတီး နောက်ခံလူဟောင်း မီကာရစ်ချက်က စပေါ့မေးလ်မှာ ခန့်မှန်းသုံးသပ်ခဲ့တာပါ။  မန်စီးတီးအသင်းမှာ ကွင်းလယ်လူ ဖီးလ်ဖိုဒန်ကို စောင့်ကြည့်ရမှာဖြစ်ပြီး ရာသီကုန်ချိန် အဆင့် ၁ နေရာမှာ ရပ်တည်နိုင်လိမ့်မယ်လို့ မီကာရစ်ချက်က သုံးသပ်ပါတယ်။  အဆင့် ၂ နေရာမှာ လီဗာပူးအသင်း ရပ်တည်လိမ့်မယ်လို့ သုံးသပ်ခဲ့ပြီး အဆင့် ၃ နေရာမှာ မန်ယူ၊ အဆင့်၄ နေရာမှာ ချဲလ်ဆီး ရယူနိုင်လိမ့်မယ်လို့ မီကာရစ်ချက်က ခန့်မှန်းခဲ့ပါတယ်။  မီကာရစ်ချက်ရဲ့ ခန့်မှန်းချက်မှာ အာဆင်နယ်က အဆင့် ၅၊ စပါးက အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ခရစ္စတယ်ပဲလေ့၊ ဝက်စ်ဘရွန်းနဲ့ ဖူဟမ်တို့ တန်းဆင်း ရလိမ့်မယ်လို့ သုံးသပ် ပါတယ်။ 
1 year Ago
Up