close

အင်္ဂလန်အသင်း ကမ္ဘာ့ဖလားမရနိုင်ဟု နဗီးလ်နှင့် မီကာရစ်ချက် သုံးသပ်

အင်္ဂလန်အသင်းဟာ အခုနှစ်အတွင်းကျင်းပမယ့် ကာတာကမ္ဘာ့ဖလားမှာ ချန်ပီယံဆုဖလား မရနိုင်ကြောင်း အင်္ဂလန်နောက်ခံလူဟောင်းတွေဖြစ်တဲ့ ဂယ်ရီနဗီးလ်နဲ့ မီကာရစ်ချက်တို့က မှတ်ချက်ပေးပါတယ်။ 

နဗီးလ်နဲ့ ရစ်ချက်တို့ဟာ အင်္ဂလန်အသင်း ကမ္ဘာ့ဖလားရနိုင်မလားဆိုတဲ့ ခေါင်းစဉ်နဲ့ LADbible ရုပ်သံမှာ ဆွေးနွေးသုံးသပ်ခဲ့ကြပါတယ်။ 

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတွေမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပေမယ့် အခုနှစ်ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်လောက်တဲ့အထိ မဖြစ်နိုင်သေးဘူးလို့ သုံးသပ်ပါတယ်။ 

ကမ္ဘာ့ဖလားချန်ပီယံဆုအတွက် ပြင်သစ်၊ ဂျာမနီ၊ စပိန်အသင်းတွေနဲ့အတူ ဘရာဇီး၊ အာဂျင်တီးနား၊ ဆီနီဂေါ အသင်းတွေက ပိုပြီးအလားအလာရှိတယ်လို့ နဗီးလ်က ပြောပါတယ်။ 

မီကာရစ်ချက်ကလည်း နဗီးလ်ရဲ့ သုံးသပ်ချက်ကို ထောက်ခံခဲ့ပြီး အင်္ဂလန်အသင်းချန်ပီယံဖြစ်ဖို့က နှစ်အတန်ကြာ စောင့်ဆိုင်းရနိုင်တယ်လို့ ပြောပါတယ်။ 

အင်္ဂလန်အသင်းလူစာရင်းမှာ ဆောက်သမ်တန်ကွင်းလယ်လူ ဝက်စ်ပရောက် ပါဝင်သင့်ပြီး ခြေစွမ်းကောင်းပေမယ့် လူတွေရဲ့ အသိအမှတ်ပြုမှု မရရှိသူဖြစ်တယ်လို့ နှစ်ဦးစလုံးက ချီးကျူးခဲ့ ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up