အီတလီနိုင်ငံ မီလန်မြို့ ဒူအာမိုရင်ပြင်မှာ စနေနေ့က လူထောင်သောင်းချီ စုဝေးခဲ့ပြီး ရုရှား ကျူးကျော် အဖျက်သမားတွေကို ကန့်ကွတ်ရှုတ်ချမှုနဲ့ စစ်ဆန့်ကျင်းရေး ဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။
အဝါရောင်နဲ့ အပြာရောင် ယူကရိန်းအလံနဲ့အတူ သက်တံရောင်စုံ ငြိမ်းချမ်းရေးအလံတွေ ရင်ပြင်လမ်းတွေပေါ် မှာ ဖုံးလွှမ်းခဲ့ပြီး၊ ဆန္ဒပြသူတွေက ‘ကျူးကျော်ရေးသမား ပူတင် အလိုမရှိ၊ ယူကရိန်းစစ်ပွဲချက်ချင်းရပ်’ ကြွေးကြော်သံတွေ တိုင်ခဲ့တာပါ။
အီတလီဝန်ကြီးချုပ်က ဥရောပသမဂ္ဂနဲ့ပူးပေါင်းပြီး ရုရှားကို စီးပွားရေးပိတ်ဆို့ အရေးယူသွားမယ်လို့ ကြေညာပါတယ်။
SWIFT နိုင်ငံတကာငွေကြေးပေးချေမှုစနစ် SWIFT ကနေ ရုရှားကို ရက်ပိုင်းအတွင်း ထုတ်ပစ်မယ်လို့ အီတလီနဲ့ ဗြိတိန်တို့က ကြေညာလိုက်ပါတယ်။
အီတလီနိုင်ငံ၊ မီလန်မြို့က တိုက်ခန်းတွဲ တစ်ခုမှာ သြဂုတ် ၂၉ ရက်က မီးအကြီးအကျယ် လောင်ခဲ့တယ်လို့ မီးသတ်နဲ့ကယ်ဆယ်ရေးဌာနက ပြောပါတယ်။
မီးဟာ အထပ် ၂၀ အဆောက်အအုံရဲ့ အပေါ်ပိုင်းအထပ်တွေက စတင် လောင်ကျွမ်းခဲ့ပြီး အောက်ထပ်တွေဆီကို ကူးစက်ခဲ့တာလို့ မီးသတ်တပ်ဖွဲ့က တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။
ထိန်းမနိုင်သိမ်းမရ လောင်နေတဲ့ မီးအတွင်း အနားမှာ ရပ်ထားတဲ့ ကားအစီး ၂၀ ကျော်လည်း ပျက်စီးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
သေဆုံး ဒဏ်ရာရသူ မရှိဘဲ တိုက်မှာ နေသူ အားလုံးကို ဘေးကင်းရာ အောင်အောင်မြင်မြင် ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ မြို့တော်ဝန်ကို ကိုးကားပြီး ဒေသခံသတင်းမီဒီယာတွေက ရေသား ဖော်ပြပါတယ်။