အီတလီနိုင်ငံ မီလန်မြို့တွင် တိုက်ခန်းတွဲ မီးလောင်

အီတလီနိုင်ငံ၊ မီလန်မြို့က တိုက်ခန်းတွဲ တစ်ခုမှာ သြဂုတ် ၂၉ ရက်က မီးအကြီးအကျယ် လောင်ခဲ့တယ်လို့ မီးသတ်နဲ့ကယ်ဆယ်ရေးဌာနက ပြောပါတယ်။
မီးဟာ အထပ် ၂၀ အဆောက်အအုံရဲ့ အပေါ်ပိုင်းအထပ်တွေက စတင် လောင်ကျွမ်းခဲ့ပြီး အောက်ထပ်တွေဆီကို ကူးစက်ခဲ့တာလို့ မီးသတ်တပ်ဖွဲ့က တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။
ထိန်းမနိုင်သိမ်းမရ လောင်နေတဲ့ မီးအတွင်း အနားမှာ ရပ်ထားတဲ့ ကားအစီး ၂၀ ကျော်လည်း ပျက်စီးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
သေဆုံး ဒဏ်ရာရသူ မရှိဘဲ တိုက်မှာ နေသူ အားလုံးကို ဘေးကင်းရာ အောင်အောင်မြင်မြင် ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ မြို့တော်ဝန်ကို ကိုးကားပြီး ဒေသခံသတင်းမီဒီယာတွေက ရေသား ဖော်ပြပါတယ်။