close

မီသိန်းဓာတ်ငွေ့

close

April 21, 2022

ပိုလန် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် ၅ ဦးသေဆုံး၊ ၇ ဦး ပိတ်မိနေ

ပိုလန်နိုင်ငံတောင်ပိုင်းက ကျောက်မီးသွေးတွင်းမှာ ဧပြီ ၂၀ ရက်နေ့က မီသိန်းဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် လူ ၅ ဦး သေဆုံးပြီး ၇ ဦး ပိတ်မိနေတယ်လို့ ပိုလန်ဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောကြားပါတယ်။

ပေါ်ဗိုဗီဆာဒေသ ပီညိုဗက်ခ် ကျောက်မီးသွေးတွင်းရဲ့ မြေအောက်အနက် ပေ ၃,၃၀၀ လောက်မှာ ညသန်းခေါင်ကျော်အချိန် ပေါက်ကွဲခဲ့တာလို့ ပိုင်ရှင် JSW ကုမ္ပဏီက ပြောပါတယ်။

အဲဒီမိုင်းတွင်းမှာ လုပ်သား ၄၂ ဦးရှိပြီး ဒဏ်ရာရသူ ၂၁ ဦးကို ဆေးရုံပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။

မနက်အစောပိုင်း ၃ နာရီလောက်မှာလည်း မိုင်းတွင်း ဒုတိယအကြိမ် ထပ်မံပေါက်ကွဲခဲ့ပြီး ကယ်ဆယ်ရေးလုပ်သား ၁ ဦး သေဆုံးခဲ့ပြီး ပိတ်မိနေတဲ့သူတွေကို ကယ်တင်နိုင်ရေးအတွက် ကြိုးစားနေတယ်လို့ ဝန်ကြီးချုပ် Morawiecki ကပြောပါတယ်။

12 mins Ago

September 18, 2021

မီသိန်းဓာတ်ငွေ့ လျှော့ချရန် ကမ္ဘာ့ခေါင်းဆောင်များကို အမေရိကန်သမ္မတ တိုက်တွန်း

ရာသီဥတုဆိုင်ရာတိုက်ပွဲမှာ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှုကို ကတိအတိုင်း လျှော့ချ ဖြတ်တောက်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကမ္ဘာ့ခေါင်းဆောင်တွေကို စက်တင်ဘာ ၁၇ ရက်က တိုက်တွန်းခဲ့ပါတယ်။ 

ဒီနှစ်နှောင်းပိုင်းမှာ ပြုလုပ်ဖို့ရှိတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာထိပ်သီး အစည်းအဝေးမတိုင်ခင်မှာ ခုလိုတိုက်တွန်းသွားတာပါ။ 

 ဧပြီလတုန်းက ကျင်းပခဲ့တဲ့ ကမ္ဘာမြေနေ့ အစည်းအဝေးရဲ့ နောက်ဆက်တွဲအဖြစ် ကျင်းပတဲ့ အဓိကစီးပွားရေးဖိုရမ် (MEF) ရဲ့ အစည်းအဝေးမှာ ဘိုင်ဒန်က အမေရိကန်ရဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး ရည်မှန်းချက်သစ်တွေကို ထုတ်ဖော်ပြောကြားသလို တခြားနိုင်ငံတွေ လည်း ကတိအတိုင်း လုပ်ဆောင်ကြဖို့  တိုက်တွန်းသွားပါတယ်။ 

ရာသီဥတုပြောင်းလဲခြင်းကို ကိုင်တွယ်ဖြေရှင်းတာဟာ ဘိုင်ဒန်ရဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ ထိပ်တန်းဦးစားပေးတွေထဲကတခုဖြစ်ပါတယ်။ 

သောကြာနေ့အစည်းအဝေးမှာ သမ္မတဘိုင်ဒန်က အမေရိကန်နဲ့ အီးယူတို့ကြား သဘောတူ ထားတဲ့ ၂၀၃၀ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှုကို အနည်းဆုံး ၃၀ ရာခိုင်နှုန်းထိ လျှော့ချဖို့ ရည်ရွယ်ချက်ထဲမှာပါဝင်ဖို့ တခြားနိုင်ငံတွေကို တောင်းဆိုခဲ့ပါတယ်။

အိမ်ဖြူတော်ရဲ့အဆိုအရ ဒီအစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် António Guterres နဲ့အတူ အာဂျင်တီးနား၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ မက္ကဆီကို၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂတို့မှ ခေါင်းဆောင်တွေလည်း ပါဝင်ပါတယ်။

 ဘိုင်ဒန်ဟာ အမေရိကန်ပြည်ထောင်စုတဝန်းလုံးမှာ ရေကြီးမှုတွေနဲ့ တောမီးတွေကြောင့် ပျက်စီးဆုံးရှုံးတာတွေ ဖြစ်ပေါ်ခဲ့ပြီးနောက်မှာ လတ်တလောရက်သတ္တပတ်တွေအတွင်းမှာ ရာသီဥတု ပြောင်းလဲမှုအကြောင်းကို အကြိမ်ကြိမ် အလေးပေးပြောကြားနေတာဖြစ်ပါတယ်။ 

7 months Ago
Up