ပိုလန် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် ၅ ဦးသေဆုံး၊ ၇ ဦး ပိတ်မိနေ

ပိုလန်နိုင်ငံတောင်ပိုင်းက ကျောက်မီးသွေးတွင်းမှာ ဧပြီ ၂၀ ရက်နေ့က မီသိန်းဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် လူ ၅ ဦး သေဆုံးပြီး ၇ ဦး ပိတ်မိနေတယ်လို့ ပိုလန်ဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောကြားပါတယ်။
ပေါ်ဗိုဗီဆာဒေသ ပီညိုဗက်ခ် ကျောက်မီးသွေးတွင်းရဲ့ မြေအောက်အနက် ပေ ၃,၃၀၀ လောက်မှာ ညသန်းခေါင်ကျော်အချိန် ပေါက်ကွဲခဲ့တာလို့ ပိုင်ရှင် JSW ကုမ္ပဏီက ပြောပါတယ်။
အဲဒီမိုင်းတွင်းမှာ လုပ်သား ၄၂ ဦးရှိပြီး ဒဏ်ရာရသူ ၂၁ ဦးကို ဆေးရုံပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။
မနက်အစောပိုင်း ၃ နာရီလောက်မှာလည်း မိုင်းတွင်း ဒုတိယအကြိမ် ထပ်မံပေါက်ကွဲခဲ့ပြီး ကယ်ဆယ်ရေးလုပ်သား ၁ ဦး သေဆုံးခဲ့ပြီး ပိတ်မိနေတဲ့သူတွေကို ကယ်တင်နိုင်ရေးအတွက် ကြိုးစားနေတယ်လို့ ဝန်ကြီးချုပ် Morawiecki ကပြောပါတယ်။