close

မီးရှူးမီးပန်း

close

January 1, 2022

ဆစ်ဒနီမြို့တွင် ၁၂ မိနစ်ကြာ မီးရှူးမီးပန်းပစ်လွှတ်ပြီး ၂၀၂၂ နှစ်သစ်ကို ကြိုဆို

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ၁၂ မိနစ်ကြာ ရင်သတ်ရှုမောဖွယ် မီးရှုးမီးပန်းအလှတွေ ပစ်လွှတ်ပြီး ၂၀၂၂ နှစ်သစ်ကို ကြိုဆိုခဲ့ပါတယ်။ 

မီးရှုးမီးပန်း ၆ တန်ကျော်ကို အကြိမ် ၂၅,၀၀၀ ပစ်လွှတ်ခဲ့ပြီး ဆစ်ဒနီဆိပ်ကမ်းတံတားရဲ့ ကောင်းကင်ထဲမှာ ပန်းပွားမျိုးစုံ၊ ခရုခွံနဲ့ ဝေလငါးပုံတွေ ၈၀,၀၀၀ ကျော်ကို လာရောက်ကြည့်ရှုသူတွေ မြင်တွေ့ခဲ့ရပါတယ်။ 

အခု ဥရောပနဲ့ အာရှနိုင်ငံ အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်မှုတွေကြောင့် New Year ပွဲ ကျင်းပမှုတွေကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားရတဲ့အချိန်ပါ။ 

ဩစတြေးလျမှာတော့  လော့ခ်ဒေါင်းတွေ ဖြေလျော့ထားခဲ့ပြီး ဆစ်ဒနီ၊ မဲလ်ဘုန်း၊ ဘရစ်ဘိန်း စတဲ့မြို့ကြီးတွေမှာ နှစ်စဉ်ကျင်းပနေကြ Happy New Year ပွဲတွေကို စည်စည်ကားကား ကျင်းပနေတာပါ။

1 min Ago

January 1, 2021

ဆစ်ဒနီတွင် မီးရှူးမီးပန်းပစ်လွှတ်ပြီး  နှစ်သစ်ကူးပွဲကို အကျဉ်းချုံး ကျင်းပ

နှစ်စဉ်ကျင်းပနေကျ နှစ်သစ်ကူးည မီးရှူးမီးပန်းပစ်လွှတ်မှုကို  ဒီနှစ်တော့ ဩစတြေးလျနိုင်ငံ  ဆစ်ဒနီမြို့မှာ  အကျဉ်းချုံးကျင်းပခဲ့ပါတယ်။  ဆစ်ဒနီကဇာတ်ရုံထက်  ရောင်စုံမီးပန်းတွေ ပစ်လွှတ်ခဲ့ပေမဲ့ ဆစ်ဒနီဆိပ်ကမ်းကတော့ လူသူကင်းမဲ့လို့ နေပါတယ်။  ကိုရိုနာဗိုင်းရပ်စ် မပျံ့စေဖို့ ဆစ်ဒနီမြို့ဝန်းကျင်မှာ ဆိုင်ထိုင်စားသောက်တာတွေနဲ့ ဟိုတယ် တည်းခိုဖို့ စာရင်းပေးတာတွေကို ကန့်သတ်ထားပါတယ်။  ဇန်နဝါရီ ၁ ရက်  နှစ်သစ်ကူး အကျဉ်းချုံး မီးရှူးမီးပန်း ပစ်ဖောက်မှုကို ဆစ်ဒနီ ဆိပ်ကမ်းက ဖောင်တွေ၊  အထင်ကရ ဆစ်ဒနီကဇာတ်ရုံနဲ့ ဆစ်ဒနီဆိပ်ကမ်းကနေ ပစ်လွှတ်ခဲ့တာပါ။  ဆစ်ဒနီဆိပ်ကမ်းတံတားဟာ မီးရှူးမီးပန်း ပစ်လွှတ်တဲ့ အဓိကနေရာဖြစ်ပြီး  ပစ်လွှတ်ချိန်ကို ၇ မိနစ်အထိ လျှော့ချခဲ့ပေမဲ့  ဆစ်ဒနီဟာ အစဉ်အလာအတိုင်း မီးရှူးမီးပန်းတွေ ပစ်လွှတ်ခဲ့ပါတယ်။ 
1 year Ago
Up