ဆစ်ဒနီမြို့တွင် ၁၂ မိနစ်ကြာ မီးရှူးမီးပန်းပစ်လွှတ်ပြီး ၂၀၂၂ နှစ်သစ်ကို ကြိုဆို

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ၁၂ မိနစ်ကြာ ရင်သတ်ရှုမောဖွယ် မီးရှုးမီးပန်းအလှတွေ ပစ်လွှတ်ပြီး ၂၀၂၂ နှစ်သစ်ကို ကြိုဆိုခဲ့ပါတယ်။
မီးရှုးမီးပန်း ၆ တန်ကျော်ကို အကြိမ် ၂၅,၀၀၀ ပစ်လွှတ်ခဲ့ပြီး ဆစ်ဒနီဆိပ်ကမ်းတံတားရဲ့ ကောင်းကင်ထဲမှာ ပန်းပွားမျိုးစုံ၊ ခရုခွံနဲ့ ဝေလငါးပုံတွေ ၈၀,၀၀၀ ကျော်ကို လာရောက်ကြည့်ရှုသူတွေ မြင်တွေ့ခဲ့ရပါတယ်။
အခု ဥရောပနဲ့ အာရှနိုင်ငံ အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်မှုတွေကြောင့် New Year ပွဲ ကျင်းပမှုတွေကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားရတဲ့အချိန်ပါ။
ဩစတြေးလျမှာတော့ လော့ခ်ဒေါင်းတွေ ဖြေလျော့ထားခဲ့ပြီး ဆစ်ဒနီ၊ မဲလ်ဘုန်း၊ ဘရစ်ဘိန်း စတဲ့မြို့ကြီးတွေမှာ နှစ်စဉ်ကျင်းပနေကြ Happy New Year ပွဲတွေကို စည်စည်ကားကား ကျင်းပနေတာပါ။